alinsettJune 20, 20121min1456
လမ်းမြှောင်တစ်ခုလုံး အုတ်ကျိုးအုတ်ပဲ့ သံတိုမယ်နတွေ ပွစာကျဲနေသည်။ စက်ဘီးတာယာဟောင်းများ၊ ပုလင်းပတ်ကွာနေသော ပုလင်းများ၊ စုတ်ပြတ်မဂ္ဂဇင်း စာစောင်နှင့် အထိတ်တလန့် ပြူးတူးပြဲတဲ သတင်းစာများ၊ အားလုံးဗြဲလရမ်း ပျံ့ကျဲနေသည့်အလယ်တွင် အုတ်နှင့်အင်္ဂတေပြားအပုံကြီး။ သံချေးကိုက် သံကြွပ် မီးလင်းဖိုတစ်လုံး နံရံကိုမှီလျက်ရှိသည်။ အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ …………………………………… …………………………………………………………. …………………………………………………………… ___________________________________________ အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ တစ်ခုက နံရံကိုမှီထောင်ထားသော အပြာရောင်စွန်။ သံကြွပ်မီးလင်းဖိုအနီးတွင် ရှိသည်။ နောက်တစ်ခုမှာ အုတ်ကျိုးပုံပေါ် ပစ်တင်ထား သော ဟက်ဆန်၏ အညိုရောင် ချည်ကတ္တီပါဘောင်းဘီ။ ”မသိတော့ဘူးကွာ။ အဖေပြောတော့ အပြစ်ရှိတယ်တဲ့” ဟု ဝေလီပြောသည်။ ဝေလီ့စကားသည် မရေရာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်း သုံးမျိုးစလုံး တစ်ပြိုင်တည်းပေါင်းထားသော စကားဖြစ်သည်။ […]