အမှားအမှန် မရှိ အစွန်းတဖက်ရောက် အမုန်းတရားအောက်မှာ ဘဝကိုစတေး၊ အသက်ကိုပေးဖို ့ လည်ဝပ်စင်းလို ့ ခံခဲ ့ရပြီကွယ်။ ဖေကြီး၊ မေကြီး အကိုကြီးနဲ ့ အိမ်ကကျန်ရစ် ချစ်နှမတွေ ကျနော် မိုက်မှား၊ ရှိသမျှအပြစ်များ ကြေပါစေကြောင်းရယ် ဝန်ချတောင်းပန် ကန်တော ့ခဲ ့ပါရစေ။ ချစ်သော BABY…! I LOVE YOU နော်….. ရင်ထဲက စကား၊ နောက်ဆုံးစကား နင်ကြားသိအောင် တိုးဖွဖွဆိုရင်၊ ကြိုးစားပြုံးမယ် မငိုပါနဲ ့ကွယ် နှုတ်ဆက်ခဲ ့ပါတယ်။ တောတွင်းပျော်ရေ….. အဝေးက ချစ်သူငယ်ချင်း မင်းရင်ထိရှ၊ ကွဲကြေမွလည်း ခုချိန်လေးမှာ… ငါ ့ကိုရည်စူး ဆုတောင်းလေးတစ်ခု ပြုပေးလိုက်ပါ၊ သူငယ်ချင်းရာ.. ပူလောင်မှုငြိမ်း၊ အငြိုးတရားကင်းတဲ ့ […]