တောက ကိုရင်January 18, 20131min1073
မေ့အတွက်ဆိုရင်လေ (တေးထပ်) ပန်းတော်ဝင်တဲ့လား ပင်မြင့်ဖျား ထက်ဆီ နေရောင်လည်း မတွယ်မှီ ဝေမှောင်ရီ အုံ့ဆိုင်း သည်မြိုင်ထဲ ပွင့်သဇင် လိုက်ရှာစဉ် မိုးတိမ်ကမှိုင်း။ လေနီရိုင်း ဆင်ချင်ဆင် ပတ်ဝန်းကျင် တုန်ခိုင်း မိုးသွန်းစဉ် သည်မုန်တိုင်း ပင်လယ်လှိုင်း မောင်ကူးမယ် မေ့သက်လှယ် မောင်မဆိုင်း မေစေခိုင်း ခူးပါ့မယ်ကွယ်။ ရေစီးကြမ်း လမ်းသွယ်သွယ် အားမငယ် မေ့တွက်ရည်စူး မေပန်ဘူး ငြင်းရက်မှပင် ပြင်းခက်လှထင် ငိုဖူးချင်တယ်ဆိုလျှင် မေဘဝင် ညှိုးမှာပေါ့လေး။ ။ တောက ကိုရင် ၁၇.၀၁.၂၀၁၃


etoneSeptember 29, 20101min1053
တနင်္လာနေ့က ကျင်းပခဲ့တဲ့ ၆၅ ကြီမ်မြောက် မြောက်ကိုရီယား အလုပ်သမားပါတီ အခမ်းအနားပွဲတွင် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က စစ်ရာထူး ၃ဝ ကျော်တိုးမြှင့်ပေးခဲ့ရာ သူ့အငယ်ဆုံးသား ကင်ဂျုံအန် ကိုလည်း စစ်ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးခဲ့သည်။ အသက် ၂၉ နှစ်ရှိ ကင်ဂျုံအန်မှာ မကျန်းမာသော အသက် ၆၈နှစ်ရှိ သူ့ဖခင် အရိုက်အရာ ဆက်ခံမည်ဟု သတင်းများ ပြေးလျက်ရှိသည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် ရဲ့ ညီမ ကင်ကျောင်ဟွီးကိုလည်း ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးခဲ့ကြောင်း အစိုးရသတင်းဌာန KCNA မှ ကြေငြာသွားသည်။ အမေရိကန် အစိုးရ အာရှဌာန အဆင့်မြင့်အရာရှိ Kurt Cmpbell က ကင်ဂျုံအီလ်ရဲ့ သားငယ်ကို ယခု ပထမဆုံး အစိုးရ မီဒီယာမှာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် […]