natureJanuary 30, 20121min33226
ဘာသာရေးဓမြတိုက်မှုကြောင့်အကျဉ်းချခံနေရသောဓမ္မဝိဟာရီဆရာတော် သည် ထေရဝါဒဗုဒ္ဓဘာသာအိမ်ကြီးကို အနုကြမ်းစီး ဓမြတိုက် အပိုင်စီးရန်ခပ်တည်တည် အိမ်ရှေ့တံခါးပေါက်ကို လာခေါက်သဖြင့် အကျဉ်းချခံနေရပြီဖြစ်ပါသည်။ သို့ပါသော်လည်း သူ၏ နောက်လိုက်တပည့်တပန်းများမှာနောင်တရ ကြောက်ရွံ့ခြင်းမရှိပဲ မလျှော့သော်ဇွဲဖြင့် နောက်ဖေးပေါက်မှသော်လည်းကောင်း ၊ ခွေးတိုးပေါက်မှသော်လည်းကောင်း ဆက်လက်ဝင်ရောက်၍ ဓမြတိုက်ရန်မပြတ်ကြံစည်လျှက် ရှိနေကြမြဲဖြစ်ပါသည်။ ပုထုဇဉ် သံဃာများ၏ အားနည်းချက် ပျော့ကွက်များကို ရှာဖွေအပြစ်တင်ရှုပ်ချပြီး ထေရဝါဒကို ယုံကြည်သူများအချင်းချင်း စိတ်ဝမ်းကွဲပြီး ယုံကြည်မှု ပျက်ပြားစေရန် အမျိုးမျိုး သပ်လျှိုသွေးခွဲလျှက်ရှိဆဲဖြစ်ပါသည်။ ထေ၇ဝါဒနှင့် သံဃာမဟာနာယက အဖွဲ့အစည်းကိုလည်း ပြည်သူများအထင်မှားစေရန်အမျိုးမျိုး  ပုတ်ခတ်ဝေဖန် ရန်တိုက်ပေးလျှက်ရှိပါသည်။ ထိုကြောင့်ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုသလို နောင်တရခြင်းမရှိပဲ ထေရဝါဒဗုဒ္ဓဘာအား  ဓမြတိုက် အပိုင်စီးရန် ဆက်လက်၍ ကြံစည်နေသော ထေရဝါဒဗုဒ္ဓဘာသာအတွက်အန္တရာယ်ကြီးသော ဓမ္မဝိဟာရီဆရာတော်၏ ကျန်ရှိသောအပေါင်းအပါများကိုပါ အာဏာစက်နှင့် ဓမ္မစက်ပေါင်း ပြီး ဖမ်းဆီးအရေးယူသင့်ပါသည်။ မြွေပွေးဆိုသည်မှာ ခါးပိုက်ပိုုက်ထားရန်မသင့်ပါ။ ယခုအချိန်သည်ထေရဝါဒ […]