Wai PhyoeJanuary 20, 20121min27615
ကျွန်တော်ကအရင်တုန်းကတော့ အဓိပတိပရိတ်သတ်တစ်ယောက်ပါ။နောက်ပိုင်း ကားအသစ်(တရုတ်မ)တွေ ပြောင်းပြီးကတည်းကလုံးဝမစီးတော့ပါဘူး။အဓိက ကတော့စီးချင်စိတ်ကိုမရှိတော့လို့ပါ၊ခုခေတ်က အားလုံးက အချိန်လုပြီးလုပ်နေရတဲ့ခေတ်ပါ။ အထူးကားဆိုပြီး ၂၀ဝပေးစီးရတယ်။မှတ်တိုင် တိုင်း ထိုင်တယ်ဗျာ တရားလား ကားကလဲမောင်းတာနှေးသေးတယ်။ကြားထဲထိုင်ခုံတွေကလဲလုံးဝအဆင်မပြေပါဘူး။ပြောချင်တာကတော့ “ကြာ” တာကိုပါ။ ဘယ်သွားသွားမရောက်နိင်တော့ပါဘူး။အထူးကားရဲ့စံနှူန်းထဲကတစ်ခုကိုပြော၇ရင် မြန်ဘို့မလို ပါဘူး။ဒါပေမယ့် အထူးကားလို့ခေါင်းစဉ်တပ်ပြီး မှတ်တိုင်တိုင်း ထိုင်တာတော့လွန်တယ်ဗျာ။ရိုးရိုး ၅ဝ တန်ကား တွေကကျော်တက်ကုန်တယ်။နောက်ပြီးသူတို့ကားကြီးတွေနဲ့ အိစိအိစိ သွားပြီး လမ်းပေါ်မှာလည်းကို့ရိုးကား ယားနဲ့ တကယ်ကိုအဆင်မပြေပါဘူးဗျ။ ဒါတွေကတော့ထားလိုက်ပါ။ရိုးနေကျပါပြီ ကျွန်တော်ပြောချင်တာက ကားသမားတွေမိုက်ရိုင်းတာကိုပါ။ပာိုတစ် နေ့က မဖြစ်မနေ အဲ့ဒီ တရုတ်မ ကိုစီးဘို့အခြေနေဖန်လာပါတယ်။ကယ်…..ဒီတစ်ခါတော့မထူးဘူးစီးရတော့မယ် ဆိုပြီး တက်စီးလိုက်မိပါတယ် ရူးရောဗျာ။ အထူးကားတဲ့ စုတ်ပြတ်သတ်နေတာပါပဲ။ဘယ်လောက်စုတ်လဲဆို ကားကထိုင်ခုံတွေမပါပါဘူး။ ကားအောက်မှာ စပါယ်ယာညအိပ်ထားတဲ့ ခြင်ဆေးခွေပြာတွေက လဲနေရာအနှံ့ပါ ပဲ။ပိုဆိုးတာက မရှိမဲ့ရှိမဲ့ကားခုံ က အရည်တောင်ထွက်နေပါပြီ။မှန်တွေကလည်းဖုန်တွေကြီးပါ။ ကားခုံမှာကပ်နေ တဲ့ဂျီးတွေကလည်းကလော်ထုတ်လို့တောင်ရပါတယ်။စပါယ်ယာတွေကလည်းစုတ်ပြတ်သပ်နေတာပါပဲ။ကြားထဲ ကွမ်းယာစားပြီး တပျစ်ပျစ်နဲ့ဗျာ။ကားအမိုးပေါ်ကစာဖတ်ကြည့်တော့ […]