နွေဦးMay 30, 20131min45532
ပြောကြတာဘဲဗျာ .. နိုင်ငံကို အုပ်ချုပ်မင်းလုပ်ကြတဲ့သူတွေဟာ ကိုယ့်နိုင်ငံသားတွေကို ကိုယ့်သားသမီးကိုချစ်သလိုု ကိုယ့်မိသားစုကိုစောင့်ရှောက်သလို နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီးလုပ်မှသာ မင်းကောင်းမင်းမြတ်ဆိုသတဲ့..။ မိသားစုတခုအနေနဲ့ ကြည့်မယ်ဆို နိုင်ငံခေါင်းဆောင်ဟာ အိမ်ထောင်ဦးစီးနဲ့တူသတဲ့ ။ ဆိုပါစို့ အဖေလိုမျိုးပေါ့ ။ တိုင်းသူပြည်သားတွေဟာလည်း သားသမီးတွေနဲ့တူပါသတဲ့ ။ စီးပွားဖက်နိုင်ငံများက ဖခင်ရဲ့မိတ်ဆွေများနဲ့တူပါသတဲ့ ။ အဖေတယောက်အနေနဲ့ ကိုယ့်သားသမီးတွေကို မုန့်ဝယ်ကြွေးမယ် မုန့်ဖိုးပေးတယ်ပေါ့ ။ ကိုယ်ပေးလိုက်တဲ့ မုန့်ဖိုးလေးနဲ့ ငါ့ခလေး ဘာများဝယ်စားလဲပေါ့ ။ အဖေတယောက်အနေနဲ့ဆို ဒီလိုတော့ စဉ်းစားမိမှာပါ ။ ငါ့သမီးလေး ငါပေးတဲ့ပိုက်ဆံ တစ်ထောင်နဲ့ မုန့်တစ်ခုမှရရဲ့လား.. နှစ်ခုရရင် ကောင်းမှာဘဲ.. သုံးခုသာဆိုငါ့သမီးလေး ဝဝလင်လင် စားရမယ်လို့ တွေးမိသလားဘဲ..။ ဒီလိုဘဲ..  လစာ ရတဲ့ နိုင်ငံသူနိုင်ငံသားတယောက်ရဲ့ လက်ထဲက ပိုက်ဆံ […]