moonpoemApril 4, 20141min1507
ပုဂံမှာနေခြစ်ခြစ်တောက်ပူနေရာကနေရုတ်တရတ်မိုးထရွာတယ်။ သင်္ကြန်မိုးလားမိုးဦးစောမယ့် သဘောလားတေ့ာမသိ။ ခဏနားနေတုန်း ကားဆရာဦးလေးကြီးနဲ့ စကားတွေပြောဖြစ်ကြတယ်။ ၄လပိုင်းရောက်လာတော့ ဧည့်အဝင်ပါးလာတဲ့ အကြောင်းတွေပေါ့။ ဪ…ဟုတ်ပါရဲ့ ဒီဇင်ဘာလာတုန်းက ပုဂံမှာ ဧည့်အဝင်များတော့ ဟိုတယ်တွေ စားသောက်ဆိုင်တွေ နာမည်ကြီးဘုရားတွေမှာ ကြပ်ပိတ်လို့။ အခုများကျတော့လည်း ကျဲပါးခြောက်သွေ့နေလိုက်တာ။ အင်းပေါ့လေ ရာသီဥတု ခြောက်သွေ့သလို ဧည့်သည်တွေခြောက်သွေ့သလို ကျွန်မလည်း အလွမ်းဒဏ်ရာ စိတ်ဒဏ်ရာတွေနဲ့ ခြောက်သွေ့နေပါရဲ့။ ့ ခြောက်သွေ့နေတဲ့ ကျွန်မအချိန်ကို ပျော်ရွှင်အောင် အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးနိုင်တာ ကျွန်မရဲ့ ဧည့်သည်တွေပါပဲ။ မြန်မာပြည်လာလည်တဲ့ အခိုက် နင်သာမရှိရင် ဒုက္ခလို့ ပြောလာတဲ့ နားဝင်ပီယံစကားလေးတွေဟာ လူသားတစ်ယောက်အတွက် ကိုယ်မရှိလို့ မဖြစ်ပါဘူးလေဆိုတဲ့ အတ္တအချို့နဲ့ရှင်သန်ခွင့်ရှိနေစေပါ တယ်။ ကျွန်မအတွေးကောင်းနေတုန်း မိုးတွေတိတ်သွားသည်။ ကားဆရာကြီးကလည်းပြောလာသည်။တူမကြီးဧည့်သည်တွေပြန်ထွက်တော့မယ်နဲ့တူတယ်တဲ့။ ဟုတ်ကဲ့ပါ ဦးလေးရေ သွားမှာပါကျွန်မသွားနေရဦးမှာပါ။ မသွားလို့မရ နားလို့မရတဲ့အတွက် ဒီခရီးအပြင်နောက်ထပ်လာမယ့် […]