ရခိုင်ပြည်နယ် ကျောက်ဖြူမြို ့ကနေ တရုတ်ပြည် ကူမင်း ထိကို တိုက်ရိုက်အမြန်ရထားလမ်း ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ ရထားလမ်းဖောက်လုပ်မည့် လမ်းတလျှောက်ကို တိုင်းတာ စစ်ဆေးမှုများပြုလုပ်နေပါပီ။အဆိုပါ ရထားလမ်းကို BOT စနစ်ဖြင့် ဆောင်ရွက်မှာ ဖြစ်ပြီး မူဆယ်နဲ ့လားရှိုးကြား၊လားရှိုးနဲ ့မန ္တလေးကြား၊မန္တလေးနဲ ့မင်းဘူးကြားမှာ တိုင်းတာစစ်ဆေးနေကြတာပါ။ ဒီရထားလမ်းမှာ ကုန်ရထားအများဆုံးပြေးဆွဲမှာဖြစ်ပြီး တနေ ့လျှင် အစီးရေ(၁၀) စီးကျော်ပြေးဆွဲမှာဖြစ်တဲ့အကြောင်းနဲ ့လူစီးရထားတစ်စီးလောက်ဘဲပြေးဆွဲဖို ့ရှိနေ တာပါ။ဒါက ကျနော်တို ့ဆီက သယံဇာတတွေကို ခိုးယူဖို ့ လမ်းဖောက်နေတဲ့ ခေတ်သစ်ကိုလိုနီ တရုတ်ကြီးရဲ ့ ဉာဏ်ရယ်ပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရယ်၊ရွှေ သဘာဝဓာတ်ငွေ ့သိုက်တွေဟာ ကျနော်တို ့ပြည်နယ်ရဲ ့ (နိုင်ငံပိုင်)အမွေအနစ်တွေပါ။ခုချိန်မှာ ကျနော်တို ့ရခိုင်ပြည် နယ် ရဲ ့လွှတ်တော်အမတ်အချို ့က ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြည်နယ်အတွက် ရွှေသဘာဝဓာတ်ငွေ ့ကိုအနည်းငယ်ပေးသုံးဖို ့တောင်းဆိုတဲ့ အခါ တရုတ်ကို အပြီးသတ် ရောင်းထားပြီဖြစ်လို ့နည်းနည်းလေးတောင်ပေးမသုံးနိုင်ဘူးလို ့စွမ်းအင် ပြည်ထောင်စု ဝန်ကြီးက ပြန်ဖြေပါတယ်။ကျနော်တို ့ပြည်နယ်က နေခုလိုတောင်းဆို လိုက်တဲ့ အမတ်က […]