manawphyulayJanuary 6, 20121min16610
ဓာတ်ပုံမှာ ဘောင်ခွေပေးလိုက်မယ် ဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာလို့ ဓာတ်ပုံတွေရိုက်လိုက် ဆိုင်မှာကူးလိုက်နဲ့ကြာတော့ ဓာတ်ပုံတွေပြန်ကြည့်ရတာ ရိုးသလိုတောင် ဖြစ်လာပါတယ်။ နောက်တစ်ခါ ဓာတ်ပုံထုတ်ရင် 4×6 ပုံရိုးရိုးကြီးမလုပ်ဘဲ ဘောင်ခတ်ပေးလိုက်ရအောင်။photo Frame Maker (www.photofermemaker.com)လို့ဆော့ဖ်ဝဲလေးနဲ့လုပ်ဆောင်နိုင်ပါတယ်။ ဖိုင်အရွက်အစား 3MB မကျော်လို့ download ချရတာလည်း လွယ်ပါတယ် လေးထောင့်ပုံ အဝိုင်းစသည်(Texture.Color,Cold)အုပ်စုများခွဲပြီframe အတော်များများ အဆင်သင့်ပေးထားပါတယ်။ဘောင်ခတ်ပြီးရင်လည်းပုံကိုလှည့်နိုင်ပါတယ်။ မလိုတဲ့နေရာကို ဖြတ်တောက်နိုင်ပါတယ်။ အလင်းအမှောင်စတာတွေ ချိန်နိုင်ပါသေးတယ်။ ဘောင်နောက်ခံကို ခပ်မှိန်မှိန်ထားမလား။ အလင်းဖောက်ထားမလား။ Backgroundရဲ့ opacity ကို ချိန်ညှိပေးနိုင်ပါတယ်။ဓာတ်ပုံနဲ့ပတ်သက်တဲ့စာသားလည်းရိုက်ထည့်ပေးနိုင်ပါတယ်။ စာသားထည့်ရာမှာစာလုံးအမျိုးအစား အရောင်စုံခြယ်သပေးနိုင်ပါတယ်။ စာသားကိုဓာတ်ပုံရဲ့အောက်ခြေမှာထားမှာလား အပေါ်မှာထားမလား မောက်စ်နဲ့တွန်းရွေ့ရုံပါ။ တကယ်သာ register လုပ်ယူတဲ့ဆော့ဖ်ဝဲ ဆိုင်ရင် frame တွေ အများကြီးရမှာပါ။ ZeallSoftInc.က ထုတ်လုပ်ပါတယ်။ သင်မဝယ်ချင်သေးရင် ရက်အနည်းငယ် အခမဲ့သုံးနိုင်ပါတယ်။ သဘောကျလို့ […]