lu ta loneMay 26, 20101min21414
မြန်မာအမျိုးသမီးများကို နိုင်ငံခြားသားနှင့် လက်ထပ် ထိမ်းမြားခွင့် မပေးရန် တရားရေး ဝန်ထမ်းများအား အာဏာပိုင်များက ညွှန်ကြား ထားသောကြောင့် မြန်မာ အမျိုးသမီးတချို့မှာ နိုင်ငံခြားသားများ၏ အငယ်အနှောင်း၊ တရားမဝင်ဘဝဖြင့် အသိအမှတ် အပြု မခံရသည့် အခြေအနေများ ဖြစ်လာနေကြောင်း သိရသည်။ “တဖက်က လူကုန်ကူးတဲ့ ပုံစံမျိုးတွေနဲ့ အရှုပ်အရှင်းတွေဖြစ်လာမှာကို တားဆီးကြောက်ကန်ကန်ပြီး လုပ်ပေမယ့်လည်း တကယ် နှစ်သက်လို့ မှန်မှန်ကန်ကန်နဲ့ တရားဝင် လက်ထပ်ပေါင်းသင်းမှာကို ဆောင်ရွက်မပေးဘူးဆိုရင် သူတို့ရဲ့ အခွင့်အရေးကို တားဆီး ကန့်သတ် ပိတ်ပင်ရာကျပါမယ်”ဟု ဥပဒေ အတိုင်ပင်ခံ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။ အဆိုပါ ကိစ္စရပ်မှာ တရားမျှတမှု မရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။ ယခင်က နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ လက်ထပ်မည်ဆိုလျှင် ပထမဦးစွာ […]