VisesaDecember 5, 20101min1366
မြန်မာ(၁၂)လရာသီပွဲတော်(၉) နတ်တော်လ၊ မြန်မာ့ရိုးရာနတ်ပူဇေါ်ပွဲနှင့်စာဆိုတော်နေ ့ “နတ်တော်လ”သည် မြန်မာ(၁၂)လရာသီတို ့တွင်(၉)လမြောက်ဖြစ်သည်။ခရစ်နှစ်အားဖြင့် နိုဝင်ဘာလ၊ဒီဇင်ဘာလတို ့တွင် ကျရောက်လေ့ရှိပါသည်။နတ်တော်လအခါသည် မိုးလ ကုန်ဆုံး၍ ဆောင်းဦးကာလဖြစ်သော်လည်း၊မိုးသားတိမ်လိပ်များ မငြိမ်မသက် ၊စုရုံးဆင် ယင် အုံဖွဲ ့လှုပ်ယှား နေတတ်သောကြောင့်၊ “နတ်တော်ရောက်ငြား ၊ မိုးသားမငြိမ် ၊ဆင်ရာ တိမ်။”-ဟူ၍ ၊ ရှေးမြန်မာတို ့က ဆိုရိုးပြုခဲ့ကြပါသည်။ကြံစိုက်သောတောင်သူတို ့ကမူ “နတ် တော်ပြာသို ၊ ကြံဖျားချို”-ဟုမှတ်သား ပြောဆိုကြပါသည်။ရှေးဦးပုဂံခေတ်ကာလ ကျောက် စာများတွင် ၊နတ်တော်လကို “နတ္တာဝ် ၊ နတ္တဝ် ၊ နတ်တာဝ်” -ဟုရေးလေ့ရှိကြောင်း သိရပါ သည်။ “နတ်တော်လ” ဟူသည် “နတ်ပူဇေါ်သောလ”-ဟု အနက်ဖွင့်ဆိုကြပါသည်။မြန်မာရှေး ဟောင်း“ဝေါဟာရလီနတ္ထဒီပနီ”ကျမ်း၌ ၊ “နတ်” ဟူသည် “နာထ”-ဟူသော ပါဠိစကားမှဖြစ် […]