etoneSeptember 22, 20101min1051
ယနေ့ညနေ ၆နာရီ ၁၅မိနစ်အချိန်တွင် ယခင် DKBAတပ်ရင်း ၉၀၁မှ ဗိုလ်ကြီးစောကျော်သက် ဦးဆောင်သော မောင်းပြန်လက်နက်မျိုးစုံကိုင်ဆောင်ထားသော အင်အား ၃ဝခန့်ပါအဖွဲ့သည် မြဝတီရဲစခန်းအား ဝိုင်းခဲ့ကြောင်း မြဝတီမြို့ခံများက Freedom News Groupသို့ပြောသည်။ ၁၉ရက်နေ့ညက မြဝတီကော့ကရိတ်လမ်းရှိ တံတားကျိုးဂိတ်တွင်တာဝန်ကျနေသောနအဖ ဗိုလ်ကြီးကျော်နိုင်ဦးနှင့် စအဖ တို့ပူးပေါင်းပြီးတရားမဝင် လိုင်စင်မဲကားမျိုးစုံ ၆၅စီးကိုဖမ်းဆီးခဲ့သည်။တနင်္လံာနေ့တွင် စစ်ဗိုလ်ချုပ်သားသမီးတို့သက်ဆိုင်သောကားအချို့ ၊နယ်ခြားစောင့်တပ် အသွင်ပြောင်းတပ်ပြောင်းကား အချို့ကို ပြန်လွတ်ပေးခဲ့ပြီး မြဝတီဗျူဟာတပ်ရင်းတွင် ကားမျိုးစုံ ( ၄ရ )ကျန်သေးကြောင်း တပ်ကြပ်ကြီးတဦးကပြောသည်။ မြဝတီစစ်ဗျူဟာမှုးနှင်အဖွဲ့ရောက်လာပြီး ဖမ်းဆီးသောကားများနှင့်ပါတ်သက်ပြီး ရဲများနှင့်မသက်ဆိုင်ကြောင်း။ ဖမ်းဆီးသူများမှာစအဖနှင့် စစ်ဗျူဟာမှ ဖြစ်သောကြောင့် ရှင်းလိုလျင် ဗျူဟာရုံးတွင် လာရှင်းနိုင်ကြောင်းပြောသဖြင့် ဝိုင်းထားသူများပြန်သွားကြောင်းသတင်းရရှိသည်။ ဗိုလ်ကြီးကျော်နိုင်ဦးသည် တံတာကျိုးဂိတ်တွင် တာဝန်ကျအရာရှိတဦးဖြစ်ပြီး တရားမဝင်ကားများ၊တရားမဝင်ကုန်များ တင်ဆောင်သောကားများကို ငွေတောင်းကြမ်းသ ူဟုနာမည် ကျော်တဦး ဖြစ်သည်။ငွေပေးလျင်ကြိုက်တဲ့ကုန်သယ်လို့ရကြောင်း […]