manawphyulayAugust 22, 20112min33616
မယ်လမုကနေ စက်လှေနဲ့ အသွား ၁၀ဝ ကျပ်နှင့် အပြန် ၁၀ဝ ကျပ် ပေးရပါတယ်။ ဒါနဲ့ ဝဋ်ကြွေးတော်ပြေဘုရားဘက်ရောက်တော့ လူတွေ အတော်စည်ကားလှပါတယ်။ တချို့ကလည်း ကားတွေနဲ့ ဘုရားဖူးလာကြတာ လူတွေမှ ကြက်ပျံမကျ စည်ကားလှပါတယ်။ ဒါနဲ့ ဘုရားတစ်ဆူပြီး တစ်ဆူဖူးတော့ မဟာကိုးသိန်း အရှင်ဌာပနာ ဘုရား လှူဒါန်းနိုင်ကြောင်း တွေ့ရှိရတဲ့အတွက် ဘုရား ၁၁ ဆူကို ငွေ သုံးထောင်ကျပ်နဲ့ လှူဒါန်းခဲ့ပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုကိုလည်း မန်းဂေဇက်မှ မောင်နှမအားလုံးအတွက် ပြန်လည်မျှဝေပါတယ်ရှင်။ နေရာစုံက ကားကြီး ကားငယ်တွေနဲ့ လာကြသလို ဈေးသည်တွေကလည်း အတော့်ကို စုံလင်လှပါတယ်။ မိုးရွာတော့ နီးရာနေရာကို အတင်းမိုးဝင်ခိုကြတာကိုတွေ့ရပါတယ်။ မနောတောင် ဝဋ်ကြွေးတော်ပြေဘုရားမှာ မိုးခိုရင် ကြာကြာဖူးမြော်ခဲ့ရပါတယ်။ အလိုတော်ပြည့်ဘုရားကိုလည်း ဖူးမြော်နိုင်ပါတယ်။ ဝဋ်ကြွေးတော်မြေ […]