manawphyulayJuly 14, 20111min400
မနက်ဖြန်ဆို မြန်မာများရဲ့ ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ဝါဆိုလပြည့်နေ့မှာမြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံတန်ခိုးပြာဋိဟာများကိုပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ဝါဆိုလပြည့်ကျော် ၁ရက်နေ့မှာ ရဟန်းသံဃာများ ပုရိမဝါကပ်ဆိုတော်မူကြပါတယ်။ ဒါကြောင့်ဝါဆိုလကို လထူးလမြတ်အဖြစ်သတ်မှတ်ထားကြပါတယ်။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ဟာကျွန်မရဲ့ မြန်မာမွေးနေ့ရက်လည်း ကျရောက်ပါတယ်။ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်းကားပြန့်ပွားရေးနှင့်ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကိုအကြောင်းပြုပြီး ဝါဆိုလမှာ ပဉ္စင်းခံရှင်ပြုပွဲတော်ကြီးကိုရာသီပွဲတော်အဖြစ် ကျင်းပလေ့ရှိပါတယ်။ ဝါဆိုလပြည့်နေ့မှာ ဖြစ်စေ၊လပြည့်ကျော် ၁ ရက်နေ့မှာ ဖြစ်စေ၊ ဝါဆိုလမှာ ဖူးပွင့်ကြတဲ့ ပုန်းညက်ပန်းစတဲ့ ပန်းမျိုးစုံတို့ကိုစေတီပုထိုးများမှာ သွားရောက်လှူဒါန်းဖို့ဝါဆိုပန်းခူးထွက်တဲ့ ကျွန်မတို့ရဲ့ မြန်မာများရဲ့ ကြည်နူးကျေနပ်စရာယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတာဆိုရင်ဖြင့်ခုချိန်တိုင်ထိပေါ့လေ။အချို့ကတော့ သံဃာတော်များ ဝါဆိုတဲ့အခါ ပူဇော်ဆက်ကပ်နိုင်ဖို့ဝါဆိုပန်းနှင့် ဝါဆိုဖယောင်းတိုင်ကြီးတွေကို ဘုန်းတော်ကြီးကျောင်းများမှာလှူဒါန်းကြပါတယ်။ ထို့အပြင် သင်္ကန်းများကိုလည်းကပ်လှူကြပါတယ်။ဝါဆိုတော့မယ့် သံဃာတော်များအား ဝါဆိုလဆန်းမှာပင်လှူဒါန်းကြတဲ့သင်္ကန်းဖြစ်တာကြောင့် “ဝါဆိုသင်္ကန်း” […]