manawphyulayFebruary 22, 20121min40430
ခုနောက်ပိုင်း နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ နည်းပညာတွေ ဘယ်လောက်သုံးနေကြသလဲ။ ဘယ်သူတွေ သုံးနေကြသလဲ။ ဘာတွေသုံးနေကြသလဲဆိုတဲ့ စစ်တမ်းတစ်ခု ကောက်နေတာကို တွေ့ရတော့ အတွေးတစ်ချက်ဝင်လာတယ်။ သူများလိုတော့ နိုင်ငံအလိုက် မြို့နယ်အလိုက် စစ်တမ်းတွေ မယူနိုင်သေးပေမယ့် ရွာထဲမှာ စစ်တမ်းကောက်ရင်ကော ဘယ်လိုနေမလဲပေါ့နော်။ ဒါနဲ့ သိချင်တာလေးတွေ မေးမြန်းချင်မိပြန်တယ်။ ရွာထဲမှာ စစ်တမ်းကောက်ရရင်ကော ဘယ်လိုများနေမလဲ။ မနော သိချင်သလို ရွာထဲမှာ ရှိတဲ့သူတွေကော သိချင်နေလား… သိချင်တာလေးတွေ မေးမြန်းချင်မိတယ်။ ရွာတစ်ရွာမှာ ရွာသူကြီးရဲ့ လက်အောက်မှာ အိမ်ထောင်စုစာရင်း ဘယ်လောက်ရှိသလဲဆိုသလို ရွာထဲမှာ ဘယ်သူတွေ ဘာတွေလုပ်နေသလဲ။ ဘယ်သူတွေက ဘယ်အပိုင်းကို စိတ်ဝင်စားနေသလဲ။ ရွာလေးဒီထက်စည်ကားဖို့ ဘာတွေ လိုအပ်နေသလဲဆိုတဲ့ အချက်လေးတွေ သိချင်နေမိလို့ ရွာထဲကို စစ်တမ်းကောက်ချင်တော့ ဘာတွေသိဖို့လိုလာသလဲ အရင်စဉ်းစားမိတယ်။ အရင်ဆုံးကတော့ […]