ဤ. ပြည်ထောင်စု မြန်မာနိုင်ငံတော်သား၊ဗုဒ္ဓဘာသာ ဝင်များနှင့် တိုင်းရင်းသား မွတ်စ်လင် တို ့မှာ ညီအကိုချင်းချာ တွေဖြစ်ကြပါလျှက်၊“ကုလားလူမျိုးဘဲ၊ဗမာလူမျိုးဘဲ”ဟူသော၊လူမျိုးရေးပြဿနာကြောင့် သာရေး၊နာရေး တို ့မှာတဦးနှင့်တဦး ခပ်စိမ်းစိမ်း ဖြစ်နေကြသည်ကိုတွေ ့ရ၏။ တဖန်၊ဘာသာရေးနှင့်ပတ်သက်၍ တဦးနှင့်တဦး သူ ့ဘာသာ ကသာသည်၊ငါ့ဘာသာက မြတ်သည် ဟူသောပြဿနာများကြောင့် ပေါင်းသင်းဆက်ဆံရေးတို ့မှာ ခပ်တန်းတန်း ဖြစ်၍နေသည်ကိုမြင်ကြရပေလိမ့်မည်။ လူတစ်မျိုးနှင့်တစ်မျိုး၊တဘာသာနှင့်တဘာသာ မကျေနပ်သော အချက်များရှိခြင်းမှာ ဓမ္မတာသဘောပင်ဖြစ်လေသည်။သို ့ရာတွင် လူမျိုးတူ၊ဘာသာတူချင်းမှာပင် အချို ့အယူအဆ အချက်အချို ့၌ အယူအဆ ချင်းကွဲပြားနေကြသည်ကိုထောက်ရှုသော် လူမျိုးကွဲ၊ဘာသာကွဲ တို ့အဖို ့အဆန်းမဟုတ်တော့ပါ။ လောကီရေးရာနှင့်ပတ်သက်၍ ဖြစ်စေ၊လောကုတ္တရာရေးနှင့် ပတ်သက်၍ဖြစ်စေ၊ရှုပ်ထွေးပေပွနေသော ပြသနာတစ်ခုကိုရှင်းလင်းနိုင်ရန်မှာ အမြင်မှန်လိုအပ်ပါသည်။ထိုအမြင်မှန်ရမှ နားလည်မှုရောက်ပါမည်။နားလည်မှုမှသည် ကျေနပ်မှု ပေါ်ထွက်လာပါလိမ့်မည်။ဤကဲ့သို ့ကျေနပ်မှုရသောအခါ၊တဖက်နှင့်တဖက် အပြစ်မမြင်ဘဲ အချစ်စိတ်ဝင်လာရမည်မှာ ပြောပြနေစရာမလိုတော့ပါ။ သို ့ဖြစ်ပါ၍ ဤ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်းရှိတိုင်းရင်းသားတို ့စည်းလုံးရေး၊ ညီညွတ်ရေးနှင့် ချစ်ကြည်ရေးတို ့ကို အထူးလိုအပ်နေသည့်အချိန်အခါမျိုးမှာ တိုင်းရင်းသားချင်း၊တဖက်နှင့်တဖက်၊အဆင်မပြေဖြစ်နေသော လူမျိုးရေးနှင့် ဘာသာရေးပြဿနာကို ကို […]