ဒီမိုကရေစီနိုင်ငံ အဖြစ် သိပ်မကြာသေးတဲ့ကာလမှာကူးပြောင်းလာတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ပြည်သူတွေ ဘယ်လောက်ထိ ရရှိ ၊ ခံစားပြီးပါပြီလဲ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ကကော ဒီမိုကရေစီစနစ်ကို ပြည့်ဝစွာဖေါ်ဆောင်ပေးနိုင်ပါရဲ့လား ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေမူကြမ်းမှာ ယခုလက်တွေ့မှာ လိုအပ်ချက်လေးတွေကြုံတွေ့လာရပါပြီ ။ အဓိက ကတော့ အောက်ခြေအဆင့် အုပ်ချုပ်ရေး အပိုင်းတွေမှာပါပဲ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ်ခံယူပြီး ဒီမိုကရေစီ စနစ်ကိုကူးပြောင်းခဲ့တဲ့ နိုင်ငံမှာ ကျေးရွာအဆင့် ၊ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်တွေမှာ ဘာလို့များဒီမိုကရေစီမရရှိခဲ့ရတာပါလဲ ။ စဉ်းစားစရာပါ ။ ခုနောက်ပိုင်းကြားရတာတွေကတော့ ရပ်ကွက်/ကျေးရွာအဆင့်တွေမှာ အုပ်ချုပ်ရေးမှူးတွေကို မဲပုံးထောင်ပြီး ရွေးချယ်ပေးနေတယ်လို့ ကြားသိရလို့ ဝမ်းသာမိပါတယ် ။ ဒါပေမယ့် ရပ်ကွက်/ကျေးရွာ […]