ဆူးJuly 27, 20111min25722
တနေ့ ညနေပိုင်း ပျင်းပျင်း ရှိတာနဲ့ သူငယ်ချင်း ဆိုင်ကို သွားလည်တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်း ဆိုင်မှာ မဖိတ်ပဲ လာတဲ့ ဧည့်သည် ရောက်နေလို့ တော်တော် အလုပ်ရှပ်နေပါတယ်။ မဖိတ်ပဲ လာတဲ့ သူကတော့ ကြွက် တကောင်ပဲ ဖြစ်ပါတယ်။ ညနေစောင်း ဆိုင်တခါး ကြားထဲကနေ ဆိုင်ထဲကို အပြေးအလွား ဝင်ရောက်ပြီး အိမ်ဆောက်ဖို့ ဝင်လာတဲ့ ကြွက်တကောင်နဲ့ သတ္တိခဲ လူ ၄ယောက် ဆူး အပါအဝင် ၅ယောက် ဖြစ်သွားပါတယ်။ သူငယ်ချင်းကလည်း အသန့်အပြန့်ကြိုက်တဲ့ သူဆိုတော့ ကြွက် ခြင် ယင်တွေ မရှိအောင် သန့်ရှင်းရေး ဦးစားပေးတယ်။ ဆူး အမှားပေါ့.. ဆိုင်ထဲ ဝင်သွားတာ တံခါးကို သေချာ မပိတ်မိပဲ သတိမထားမိလိုက်ဘူး… […]