ဩကာသ – ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို ဩကာသဟု ခေါ်သည်။ လေးနက်စေလိုသောကြောင့် လည်းကောင်း၊ ထင်ရှား ပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း ဩကာသကို သုံးကြိမ်ဆိုရပါသည်။ ကံသုံးပါး – ကိုယ်ဖြင့်ပြုသော အမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသော အမှုကို ဝစီကံ၊ စိတ်ဖြင့် ကြံသောအမှုကို မနောကံဟု ခေါ်သည်။ ရတနာ – နှစ်သက် မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။ ဘုရား – တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။ တရား – အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။ သံဃာ – အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်း ထားသောကြောင့် သံဃာဟု […]