winkyawaungAugust 1, 20111min43028
`ပြိုင်ဘက်မရှိ အောင်ဘာလေထီနှင့် ပြည်သူတွေ ဈေးကြီးပေးပြီး ထီထိုးနေရပါတယ်..´ သမ္မတကြီး ဦးသိန်းစိန်အစိုးရတက်လာပြီး ဆင်းရဲ၊နွမ်းပါး၊မွဲတေမူလျှော့ချရေးအတွက် အထူးစီမံချက်များနဲ့ ဆောင်ရွက်နေတာကို ဝမ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။ စာရေးသူတို့နယ်တွေမှာရော မြန်မာနိုင်ငံ အနှံ့မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး တွေ ကင်းစင်အောင် ဆောင်ရွက်နေကြောင်း သတင်းစာ၊ ဂျာနယ်များမှာ နေ့စဉ်လိုလို ဖတ်နေရပါတယ်။ ၂၀၁၁၊ ဇွန်လ ပိုင်းက စတင်ပြီးဆောင်ရွက်လာတာ အများအသိပါ။ ယခု ဇူလိုင်လမှာလည်း အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း ကြားသိရပြန်ပါတယ်။ အမှန်တကယ်လည်း အောင်မြင်နေတာကို တွေ့မြင်နေရပါတယ်။ ဘာကြောင့်အောင်မြင်နေပါသလဲဆိုရင်..၊ လူတိုင်း လူတို်င်း ချမ်းသာချင်ကြပါတယ်။ တစ်နေ့မှာ ချမ်းသာနိုးနိုးနဲ့ အိမ်ရှင်မရဲ့ မီးဖိုချောင်ဈေးဖိုပါမကျန် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေကိုသာ ဝိုင်းပြီးထိုးလာခဲ့ကြတာ အများအသိပါ။ ဒါကြောင့် လူဆင်းရဲ၊ လူမွဲတွေ များပြားလာကြောင်း နိုင်ငံတော်က ကြားသိရလို့ […]