ကို သာAugust 18, 20121min1607
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် အလွန်စိုးရိမ်စရာ အကောင်းဆုံး ၁ဝ နိုင်ငံထဲတွင်ပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ သဘာဝဘေးအန္တရာယ် ဆိုင်ရာ သုတေသနနှင့်အတိုင်ပင်ခံ အဖွဲ့ဖြစ် မက်ပလီခရော်ဒ် (Maplecroft)က သတိပေးလိုက်ပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉ရ နိုင်ငံအား လေ့လာခဲ့ရာအန္တရာယ်အရှိဆုံး ၁ဝ နိုင်ငံစာရင်းတွင် အာရှမှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပို်င်၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများမှာ ဟေတီ၊ နီကာရာဂွာ၊ ဟွန်ဒူးရပ်၊ ဒိုမိုနီကန် တို့ ဖြစ်ကြောင်း အဖွဲ့က ဆိုပါသည်။ နိုင်ငံများ၏ သဘာဝဘေးအန္တရာယ် ကျရောက်နို်င်ခြေအား တွက်ချက်ရာတွင် တိုင်းပြည်စီးပွားရေးအပေါ် သဘာဝဘေးအန္တရာယ်မှ သက်ရောက်နိုင်သော ပမာဏ၊ ကြိုတင်ပြင်ဆင်ထားနိုင်မှု အခြေအနေ၊ တိုင်းပြည်၏ ခံနိုင်ရည်တို.အပေါ်တွင် တွက်ချက်ပြီး အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံ၏ အခြေခံအဆောက်အအုံပိုင်း အားနည်းပြီး အုပ်ချုပ်ရေးပိုင်းကလည်း […]