Minn ZinSeptember 13, 20111min22213
 မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားနေကြတဲ့ ဧရာဝတီမြစ်ရဲ့အစ မြစ်ဆုံပေါ်မှာ ပထွေးတရုတ်တွေရဲ့ကောင်းကျိုးအတွက် မည်သည့် ကန့်ကွက်မှုများရှိသည်ဖြစ်စေ လုပ်ဆောင်သွားမည်ဆိုတဲ့ ဇော်မင်း ရဲ့စကားသံကြောင့် ကျွန်တော်၏မိတ်ဆွေ ဆည်မြောင်းမှ အငြိမ်းစားယူထားတဲ့  အရာရှိကြီးတစ်ယောက်ရဲ့ သုံးသပ်ချက်တွေပါ။ ပြည်သူအများသိစေရန် ရည်ရွယ်ချက်နဲ့ အင်တာနက်ပေါ်တွင် တင်ပေးရန် အကူအညီတောင်းတော့ အားရဝမ်းသာစွာနဲ့ တင်ပေးလိုက်ပါတယ်။ “ကြိုးစင်ပေါ်က ဧရာဝတီ”           ဧရာဝတီမြစ်ကြီးသည် မြစ်ဖျားခံရာ အစမှ ပင်လယ်တွင်း စီးဝင်သည်အထိ မြန်မာနိုင်ငံအတွင်း တည်ရှိရာ၊ မည်သည့်နိုင်ငံကမှ အကြောင်းမဲ့လာရောက်ချယ် လှည်ခြင်း မပြုနိုင်သော နိုင်ငံပိုင် မြစ်ကြီးတစ်စင်းဖြစ်ပါသည်။ လူယဉ်ကျေးမှုသမိုင်းသည် မြစ်ကြီးများ စီးဆင်းမှု ကိုလိုက်၍ အညာနှင့် အကြေ ဆက်စပ်ဖွံ့ဖြိုးစည်ပင် လာခဲ့သည်ဖြစ်ရာ၊ ဧရာဝတီ မြစ်ကြီးတွင်လည်း တကောင်း၊ ရတနာပုံ၊ အင်းဝ၊ ပုဂံ၊ သရေခေတ္တရာ၊ ဒဂုံစသည့် […]