ေရႊဘိုသားJune 27, 20111min32813
ကျွန်တော်လည်းဒီဆောင်းပါးလေးကို ဒေါက်တာလွမ်းဆွေရဲ.ဆိုဒ်ကနေဖတ်ပြီး ရွာသားတွေကိုဖတ်စေချင်တာရယ်ကျွန်တော်လည်းသဘောကျတာကြောင်. ကူးယူပြီးတင်ပေးလိုက်တာ   ၁၉၉၁ ခုနှစ် ဝန်းကျင်လောက်ကပေါ ့… တာဝန်တခုနဲ့ သထုံ-မြိုင်ကလေး ပြေးဆွဲတဲ့ ခရီးသည်ကားပေါ်မှာ အရပ်ဝတ်နှင့်ပင် စီးနင်းလာခဲ့၏။ လမ်းပန်းဆက် သွယ်ရေးနဲ့ ယာဉ်ရှားပါးမှု အခြေအနေကြောင့် ခရီးစဉ်တခေါက်ဆို.. ဆိုသလောက် လေဟာပေါက်မရှိရ လေအောင် ကုန်အပြည့် လူအပြည့် တင်ထားလေရဲ့.. သန်သန်မာမာရှိတဲ့ ခရီးသည်မှန်သမျှ တွဲခို၍တနည်း၊ ခေါင်မိုးပေါ်မှ တက် စီး၍ တဖုံ.. လိုရာခရီးကို သွားကြကုန်၏။ ကျနော် စီးနင်းလိုက်ပါလာတဲ့ ကားရဲ့အမိုးပေါ်မှာ စစ်သား ၃ ယောက်ဟာ စစ်ဝတ်ပစ္စည်း အပြည့်အစုံနှင့် ပါလေ၏။ ခန့်မှန်းကြည့်ရသည်မှာ ခရီးလမ်းကြောင်းပေါ်ရှိ ကင်းစခန်းတခုကို အင်အားဖြည့် သွားမယ့်ပုံပေါ်၏။ မနိုင်ဝန်ကို ထမ်း ပိုးထားရတဲ့ သက်ကြီးရွယ်အို ချက်ဗလက်အမျိုးအစား လိုင်းကားလေးရဲ့ […]