နွယ်ပင်February 17, 20111min16911
နိုင်ငံတကာကို ခရီးသွားနေတဲ့ ရွာသူရွာသားတွေအတွက် နိုင်ငံအချို့က ထူးထူးဆန်းဆန်း ထုတ်ထားတဲ့ စည်းကမ်းတွေကို အကြမ်းမျဉ်းလောက်တော့ သိထားဖို့လိုပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံအချို့က ထူးထူးဆန်းဆန်း ဥပဒေလေးတွေကို တင်ပြလိုက်ပါတယ်။ (1) ။ ကမ္ဘာမှာ ဆွင့်ဇလန်နိုင်ငံဟာ အေးချမ်းမှု၊ သာယာဝပြောမှုတွေနဲ့ နာမည်ကြီးပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာလဲ တိတ်ဆိတ်ငြိမ်သက်မှုကိုလဲ မြတ်နိုးကြပါတယ်။ အဲဒီတော့ ညဆယ်နာရီနောက်ပိုင်း အိမ်သာတက်တဲ့အခါ သတိထားရပါမယ်။ ဒါကြောင့်အိမ်သာတက်ပြီးရင် ရေဆွဲမချမိပါစေနဲ့။ ဥပဒေရှိပါတယ်။ ဆူညံအောင်လုပ်မှုနဲ့ တရားအစွဲခံရပါလိမ့်မယ်။ (2) ထိုင်းနိုင်ငံမှာတော့ အဆောက်အဦး အပြင်ဘက်ထွက်ရင် တစ်ခု သတိထားရမှာက အတွင်းခံဘောင်းဘီ ဝတ်ထားပြီးပြီလားဆိုတာကိုပါ အရင်ဆုံး အပြင်ထွက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ ဝတ်မထားရင်တော့ တရားဝင်မဟုတ်ဘူးနော်။ ရဲလာစစ်လို့တွေ့သွားရင် အဖမ်းခံရဖို့ ရှိပါတယ်။ (3) အီတလီနိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Milan […]