နွယ်ပင်January 17, 20111min1429
နေပြည်တော် လွှတ်တော်အဆောက်အဦးထဲမှာ လှပစွာ မီးထွန်းပြသထားတဲ့ ဆွမ်းအုပ်ကြီးကို သာမန်အနေနဲ ့ ကြည့်ရင်တော့ မျက်စိပသာဒဖြစ်မယ့် ဆွမ်းအုပ်ကြီးဆိုပြီုး သဘောကျကြမှာပါ။ နအဖတို ့ရဲ ့ လွှတ်တော်အဆောက်အဦးတွေ တည်ဆောက်ခဲ့ကြရသူတွေထဲက ပြောပြချက်အရတော့ နအဖသန်းရွှေတို ့က ဆွမ်းအုပ်ကြီးကိုလဲ ထုံးစံအတိုင်း အစီအမံတွေနဲ ့ စီရင်ပြုလုပ်ထားတာလို ့ ဆိုပါတယ်။ဆွမ်းအုပ် (စွမ်း – အုပ် = အစွမ်းအစရှိသူတွေကို အုပ်လွှမ်းထားနိုင်ဖို ့) ရည်ရွယ်ပြီး နအဖသန်းရွှေက ပြုလုပ်ထားတာလို ့ ဆိုပါတယ်။ ဒီ ဆွမ်းအုပ်ကြီးကို မီးစလောင်းအောက်တည့်တည့်မှာ နီးကပ်ဆက်စပ်နေလုနီးနီး ထားထားပါတယ်။ အစွမ်းအစရှိသူတွေကို အုပ်ထားမယ့် စီမံမှုနဲ ့ အုပ်တဲ့သဘောရှိတဲ့ စလောင်းနဲ ့ စွမ်းအုပ်ကြီးကို ပြုလုပ်ထားတာ ဖြစ်ပါတော့တယ်။