NovyJuly 23, 20141min33817
“ငါ့အတွက်တော့”   ငါ့အတွက်တော့ မင်းဟာကောင်းကင် မင်းရှိမှ ငါ့အတွက် အလင်းရှိမယ် မင်းအတွက်တော့ ငါဟာဘာလဲ   ငါ့အတွက်တော့ မင်းဟာမြေပြင် မင်းရှိမှ ငါ့အတွက် ရပ်တည်နိုင်မယ် မင်းအတွက်တော့ ငါဟာဘာလဲ   ငါ့အတွက်တော့ မင်းဟာအရှင်သခင် မင်းရှိမှ ငါ့အတွက် တင့်တည်နိုင်မယ် မင်းအတွက်တော့ ငါဟာဘာလဲ   ငါကမင်းကို ဘာတွေနဲ့ တင်စားတင်စား ခိုင်းနှိုင်းပဲပြုပြု မင်းအတည်မပြုလည်းရတယ်   မင်းအတွက်တော့ ငါဟာ မင်းပဲဖြစ်ခွင့်ရပါရစေ     နိုဗွီ (နှလုံးသားဖြင့် ကမ္ဗည်းတင်)