koyinAugust 28, 20116min20010
နှင်းသည်းနွေ လူမသိ သူမသိနဲ့  အပူမိသည့် ရင် သံယောဇဉ်ကို ပိုက် ငါ့ညတွေ နှစ်ခြိုက်မတဲ့လား လစ်လပ်နေတဲ့ ကွက်လပ်က သစ်ပင်ကို အမြစ်က ဖြတ်ထားသလို ရွက်သစ်တွေလည်း ထွက်မလာ ရွက်ဝါတွေသာ ကြွေကြွေကျ အိပ်မက်တွေ မြေခပျက်သုဉ်း နှလုံးသားက လုံးပါးပါးလာလိုက်တာ အာရုံတွေ ထိုင်းမှိုင်း ဦးနှောက်က နှေးကွေး အသိဉာဏ်က ဝေးသထက်ဝေးလို့ ခံစားမှုက ပုပ်အက်ဆွေးမြေ့ ကြာတော့  စက်ရုပ်တစ်ရုပ်ရဲ့ သေနေ့ကိုရှာ ငါ့ကိုယ်ငါတောင် ဘာသာမပြန်တတ်တော့ဘူး မငို မမဲ့ မပြုံးတတ်တဲ့ သက်မဲ့ မျက်နှာ ငါ့ခန္ဓာက ဘာသားနဲ့ ထုထားသလဲ အို… အိုအေစစ် ကန္တာအလယ်မှာ နွေသင့်တဲ့သူ ရင်အပူကို လာဝင်ကူလို့ ညတွေဆို အိပ်မက်ချိုတွေနဲ့ နှစ်ခြိုက်ေစခဲ့တာ မနက်ဖန်တွေလည်း သာယာလို့ ငါ့အရုဏ်တွေ ရောင်နီပျို့ခဲ့ပြီ နှင်းကို မေ့နေခဲ့သလို နှင်းကိုလည်း မတွေ့ရတဲ့ နှင်းမရှိတဲ့ ကမ္ဘာ ဆောင်းမလာတဲ့ အရပ် အခုဆို နှင်းကိုယ်ငွေ့နဲ့ ချမ်းတတ်လာခဲ့… […]