manawphyulayJanuary 7, 20141min1957
ကျွန်မတို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်တဲ့ နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံသူနိုင်ငံသား အများစုဟာလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။အဲဒီလို ဗုဒ္ဓဘာသာဝင်တွေ ထဲမှာ မိရိုးဖလာဗုဒ္ဓဘာသာနဲ့ မိမိကိုယ်တိုင်က မြတ်စွာဘုရားကို ကြည်ညိုပြီး မြတ်စွာဘုရားရဲ့ တရားတော်နဲ့ အဆုံးအမကို ရိုသေလေးစားစွာ လိုက်နာနိုင်တဲ့ ဗုဒ္ဓဘာသာဝင်ဆိုပြီး ကျွန်မကတော့ အမျိုးအစား(၂)မျိုး ခွဲခြားကြည့်ပါတယ်။ လူမှုအသိုင်းအဝန်းတစ်ခုမှာ ဂုဏ်ယူမြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုဓလေ့တွေ အများကြီး ရှိကြပါတယ်။ အသက် ဂုဏ်ဝါ သိက္ခာကြီးသူတွေကို ရိုသေ လေးစားတတ်ဖို့၊ လူတစ်ဖက်သားကို ကူညီတတ်ဖို့၊ စည်းလုံးညီညွတ်ကြဖို့ စတာတွေကို လူသားတွေက မျိုးရိုးစဉ်ဆက်အလိုက် ယဉ်ကျေးမှုကနေ လက်ဆင့်ကမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ့ဓလေ့စရိုက်လေးတွေနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုတွေကို နောင်လာ နောင်သား လူငယ်များကို လက်ဆင့်ကမ်း ပေးကြရမှာ မိဘဘိုးဘွားတွေနှင့် […]