.တိမ်ယံထက်က ကွန်ရက်ရွာလေးထဲ ကွန်ပျူတာ ပျက်နေတာနဲ့ အလည်မရောက်တာတောင် နည်းနည်း ကြာသွားပါပေါ့။ ဆိုင်မှာလာသုံးရင်း ရောက်တုန်းရောက်ခိုက် ရွာရိုးကိုးပေါက် လျှောက်ကြည့်တော့ ရွာကလေးက ခြောက်ကပ်ကပ်။ တွေ့ဆုံပွဲမှာ စာရင်းပေးသူတွေထဲ ကိုယ်လွမ်းနာကျရသူတွေ မပါ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ရွာလေးထဲ ခြေချမိစဉ်တုန်းက ရွာခံလူတချို့ကို မှတ်မိနေသေးတော့တယ်။ .လူဟောင်းတွေထဲ ကျမ အကြီးအကျယ်မျှော်မိသူကတော့ တခြားလူ ဟုတ်ပါရိုးလား။ တရွာလုံးရဲ့ အသည်းကျော် ဆြာမိုက်ကယ်ဂျော်နီအောင်ပု။ ဒီလူကြီး ဘယ်ပျောက်နေပါလိမ့်။ ရွာထဲ ကြွေးတွေထူ လို့ ပြေးပြီလား မသိဘူး။ .နောက်တစ်ဦးကတော့ ကျမရဲ့ သဲညှာဆိုင်တွေကို ကိုင်ကိုင်လှုပ်ပြသွားတဲ့ အဘ ဘိုးမင်းခေါင် … အဲလေ ဆြာခေါင်။ .ပြီးတော့ ကိုဂျွန်နီသမင်။ သူကတော့ ရွာထဲဝင်စမှာပဲ ဆိုင်ကယ်နောက်ကထိုင်ပြီး လိုက်တဲ့ မိန်းမတွေရဲ့ […]