YE YINT HLAINGSeptember 28, 20121min31954
အဖော်မဲ့ လို့ အထီးကျန်ခြင်းမျိုး မဟုတ်ပဲ အထီးကျန်တဲ့စိတ်ကြောင့် အဖော်မဲ့ဘဝ တခုကို ပိုင်ဆိုင်ထားသလို အမြဲခံစားနေရတယ် ။ အချိန်တွေကြာလာတာနဲ့ အဲဒီခံစားမှုကို သံယောဇင် တွယ်လာမိပြန်တယ် ။ တယောက်တည်း နေရတာကိုလည်း နှစ်သက်လာမိတယ် ။ ဒါကြောင့် ဒီဝိုင်းလွတ်ကျယ်ကျယ်ထဲက တလုံးထဲရှိတဲ့ အိမ်သေးလေးကို တလ ( ၃၅၀၀ဝ ) ကျပ် နဲ့ ငှါးရမ်းနေထိုင်ခဲ့တာပေါ့ ။ မြေရှင် အတွက် ခြံစောင့် သဘောမျိုး လည်း ရသလို တလ ( ၃၅၀၀ဝ ) လည်းရ ၊ ကျွန်တော့ အတွက်ကလည်း ရန်ကုန် လိုမြို့ကြီး မျိုးမှာ တယောက်တည်း နားအေးပါးအေး နေရာလေးရလို့ ဟန်ကျတာပေါ့ ။ ခြံထဲမှာ ရေတုံကင်နဲ့ […]