etoneOctober 20, 20101min19616
ထမင်းပေါင်းကြိုက်တဲ့လူတွေ ဆူးလေနားကိုရောက်ရင် မစားပဲမနေနိုင်တဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ် ။ သူများပြောလို့ ကိုယ်တိုင်ဝင်စားကြည့်မိမှပဲ စိတ်တိုစရာကောင်းတဲ့အဖြစ်နဲ့ကြုံတော့တယ် ။ ဆိုင်က ဆူးလေဘုရားလမ်းနဲ့   အနော်ရထာလမ်းဒေါင့် မှာရှိပါတယ် ။ Moon နဲ့ မျက်နှာချင်းဆိုင်နားလောက်မှာပါ ။ လမ်းဘေးဆိုင်လေးမျိုးပါပဲ …။ ထမင်းပေါင်းစားနေတဲ့လူတွေလည်း အများကြီးရှိပါတယ် ရေးထားတဲ့ဆိုင်းပုဒ်ကြောင့်ထင်ပါတယ် ။ ထမင်းပေါင်းတပွဲကို ဘာနဲ့စားစား 600ပါတဲ့ ။ ကြက်၊ ဝက်၊ ဘဲ ၊ သတ်သတ်လွတ်စတာတွေနဲ့စားလို့ရပါတယ် ။ လူပြည့်နေတာကြောင့်မထိုင်တော့ပဲ ပါဆယ် ထမင်းပေါင်းဝက်သားနဲ့   2ထုတ်မှာလိုက်ပြီး ပိုက်ဆံရှင်းမယ်အလုပ်မှာ တစ်ပွဲကို 800ပါ ထဖြစ်ရော … ရေးထားတာနဲ့ လက်တွေ့နဲ့တလွဲဖြစ်နေပါတယ် ။ ကွာခြားချက် တပွဲကို 200ပေမဲ့ ပလောင်းပလဲလုပ်လို့စိတ်တိုရပါတယ် ။ 200နဲ့မတန်တဲ့သင်ခန်းစာလေးတော့ရလိုက်တယ် နောက်ဆို ဈေးမေးပြီးမှပဲ ဝယ်တော့မယ်လို့လေ […]