littlekaungJuly 3, 20101min1597
မြန်မာနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံ မြို့တော် ကွာလာလန်ပူရှိ Selayang ကုန်စိမ်းဈေး အနီးတွင် ဇွန်လ ၃ဝ ရက် ဗုဒ္ဓဟူးနေ့က ပြဇတ်နှင့် ဒရာမာ သရုပ်ဆောင် မင်းသမီးတစ်ဦး ၏ ကားဖြင့် တိုက်မိပြီး သေဆုံးခဲ့သည်ဟု သိရသည်။ အတိုက်ခံရသူသည် အသက် ၅၈နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးဖြစ်ပြီး ဇွန်လ ၃ဝ ရက်နေ့ နေ့လည်က လမ်းဖြတ်ကူးနေစဉ် အတိုက်ခံခဲ့ရခြင်း ဖြစ်သည်။ အသက် ၃၈ နှစ်အရွယ် သရုပ်ဆောင် မင်းသမီး သည် ကားကို ကွာလာလန်ပူ မြို့ထဲသို့ ဦးတည်ပြီး တစ်ဦးတည်း မောင်းနှင်လာစဉ် အဆိုပါ ယဉ်တိုက်မှု ဖြစ်ပွာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အတိုက်ခံရသူသည် အတွင်းပိုင်း ထိခိုက်ဒဏ်ရာ ပြင်းစွာရရှိပြီး အခင်းဖြစ်ပွားရာ နေရာမှာပင် […]