ဂ်စ္စူNovember 18, 20101min16612
ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်က အသက် ၁၉ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ မိန်းကလေးငယ်တယောက်ကို ခလရ ၇ရ တပ်ရင်းက တပ်သား မောင်မောင်ချေ ကိုယ်ပိုင်အမှတ် (တ-၃၃၆၂၁၈) က အဓမ္မပြုကျင့်ခဲ့တာကို ဥပဒေအရ အရေးမယူပေးသေးဘူးလို့ မိသားစုဝင်တွေက ပြောပြပါတယ်။ မြို့ပြင်နွားစားကျက်မှာ တူမလေးတယောက်နဲ့ အတူတူနွားကျောင်းနေတုန်း တပ်သားမောင်မောင်ချေက အဓမ္မပြုကျင့်တာကို အော်ဟစ်အကူညီတောင်းတာကြောင့် ရပ်ကွက်ထဲက လူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းခေါ်သွားတဲ့အခါ၊ ရဲစခန်းမှာ အမှုဖွင့်နေတုန်း တပ်က အရာရှိတွေက သူတို့ တပ်သားကို ပြန်လာခေါ်သွားပြီး အခုထိ အရေးယူတာ မရှိသေးဘူးလို့ မိန်းကလေးရဲ့ အမက ပြောပါတယ်။ ဆေးရုံဆေးစစ်ချက်တွေအရ မုဒိန်းမှုမြောက်နေလို့ ပုဒ်မ ၃၇၆၊ ပုဒ်မ ၅၁၁ တို့နဲ့ […]