ဆူးNovember 21, 20101min34412
စက်တင်ဘာ ၁၁ ရက်နေ့ကိုတော့ အမေရိကန်နိုင်ငံသားတွေ ဘယ်တော့မှ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးပေါ့..ကမာ္ဘလုံးကလည်း သိကြပါတယ်။ ထိုုဖြစ်ရပ်လေးနဲ့ တချိန်တည်းမှာ ဖြစ်ခဲ့တဲ့ လူမသိသူမသိ ဖြစ်ရပ်လေးကတော့ ဘယ်သူမှလည်း မသိသလို အနီးအနားက လူတွေလည်း သိကြမယ် မထင်ဘူး။ အဲဒီနေ့မှာ.. ဆူး အဖေက ကျန်းမာရေး မကောင်းလို့ ဆေးခန်းသွားပြတဲ့ အချိန် အိမ်မှာ တယောက်တည်း ရှိနေခဲ့တဲ့ အချိန်ပေါ့.. အိမ်သားတွေကလည်း မရှိ.. အိမ်မှာလည်း တယောက်တည်း.. အင်တာနက်ကလည်း မသုံးတတ်သေးတော့.. စလောင်းကလာတဲ့ တရုတ်ကားကို အားကိုးတကြီး ကြီးနေရတာပေါ့.. မှတ်မှတ်ရရ အဲဒီ ဇတ်လမ်းက အပိုင်း ၁၀ဝ ကျော်သွားတယ်.. နာမည်လည်း ကြီးတယ် တရုတ်လိုင်း Phoenix မီးငှက်လို့ ဘာသာပြန်ရမလား မသိဘူး.. ထိုလိုင်းက ညနေဘက်ဆို […]