zaw mgSeptember 23, 20101min610
အဲမန္တလေး လေကြောင်း လိုင်းသည် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းမှစ၍ လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းထား သော်လည်း ယခုအခါ အင်္ဂလန်နိုင်ငံမှ လေယာဉ်တစီး ထပ်မံ ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “လေယာဉ် တင်သွင်းခွင့်ရလို့ တင်သွင်း လာတယ်၊ ရန်ကုန်ကို ရောက်နေပါပြီ၊ မြန်မာပြည် မှတ်ပုံတင်ရဖို့ ကြိုးစားနေတယ်၊ လေယာဉ် လိုင်စင်ပြောင်းလို့ ရမရဆိုတာ ကိုတော့ ကျနော် မဖြေနိုင်ပါဘူး၊ ကျနော်တို့ ဘာမှ အခက်အခဲ မရှိဘူး၊ လုပ်ထုံးလုပ်နည်း အရ လုပ်စရာရှိတာ လုပ်နေတာပဲ”ဟု အဲမန္တလေး မန်နေဂျင်း ဒါရိုက်တာက ဧရာဝတီသို့ ပြောသည်။ အဲမန္တလေးက ထပ်မံဝယ်ယူခဲ့သော လေယာဉ်မှာ ထိုင်ခုံ ၆၆ ခုံပါ ATR-72 (212series) အမျိုးအစား ဖြစ်ကာ […]