we R oneMarch 14, 20123min33313
စူဠမဏိစေတီ ပုဂံမှာ ထုထည်အားဖြင့် အကြီးမားဆုံးဖြစ်သော ဓမ္မရံကြီးဘုရားကို ဖူးမျှော်ပြီတဲ့ နောက် နံရံဆေးရေး ပန်ချီ အနုလက်ရာ မှာ ထင်ရှားတဲ့ စူဠမဏီ စေတီတော်ကြီး ကို ခရီးဆက်ခဲ့ ကြပါတယ်..။ ပုဂံရောက်ကတည်းက ရာသီဥတု သိပ်ပြီး မသာယာတာကြောင့် ညနေ ၅ နာရီကျော်လောက်ပဲ ရှိသေးပေမဲ့ နေလုံးကို မမြင်ရတော့ဘဲ အနည်းငယ်မှောင်စ ပြုနေပါပြီ..။ စူဠမဏီ ဘုရား ကိုဖူးပြီးနောက်.. အလိုတော်ပြည့်ဘုရား ကို ခရီးဆက်ခဲ့ ကြပါတယ်..။ အလိုတော်ပြည့်ဘုရားကို  ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်..။ အလိုတော်ပြည့်ဘုရား ဖူးပြီးနောက် မိုးကလည်းတော်တော်ချုပ်နေပြီး.. ဗိုက်ကလည်း တဂွီဂွီ အသံပြုနေပြီမို့.. မြန်မာဘူဖေးဆိုင် သို့ ခရီးဆက်ခဲ့ကြပါတော့…။ စူဠမဏိ စေတီတော် ဆက်ပါအုံမည်… we R one


we R oneJanuary 10, 20121min17612
ကန်တော့ပုလ္လင်ဘုရား ဖူးအပြီးမှာ .. မြစေတေီဘုရားကို ဆက်လက်ထွက်ခွါခဲ့ကြပါတယ်..မိုးအုံနေတဲ့ အတွက်  မြစေတီဘုရား က ကန်တော့ပုလ္လင်ဘုရား ရဲ့ အရှေ့ ၊ အနောက် ၊ တောင်၊ မြောက်ဘယ်မှာ ရှိသိကို မသိရှိခဲ့ပါ..    ။  လမ်းဘေးဝဲယာမှာတော့ စေတီပုထိုး အမျိုးမျိုးကို မြင်တွေ့ခဲ့ရပါတယ်..။ အဲဒီ ထဲမှာ မှ ဘယ်မှာခြမ်းမှာ တည်းထားတဲ့  မင်္ဂလာစေတီ က တော့ မိန်းကလေးများ ဦးတစ်ကြိမ်ချရင် ယောက်ျားတစ်ယောက်ရတယ်တဲ့.Guide က ပြောတာ..။ (ရွာထဲက အပျိုကြီးတွေ ကိုသတိရလိုက်တာ.. :D) မြစေတီဘုရာ ကို ကျန်စစ်သားမင်းကြီးရဲ့ သားတော် ရာဇကုမာရ် တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပါတယ်။ ဖခင် ကျန်စစ်မင်းကြီးနဲ ပုံစံတူ ထုလုပ်ထားတဲ့ ဆင်းထုတော်ကို ဌာပနာထား တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်.။  […]


zoeJune 13, 20112min1495
အမျိုးသား ပထဝီ (National Geographic) မှ ဇွန်လ ၁၂ရက် အတွက် ယနေ့ အတွယ်အကောင်းဆုံးဓာတ် ပုံ  (Photo of the Day) ကဏ္ဋတွင် ရွေးချယ် ခံ ရတဲ့ Cynthia Dial ရဲ့လက်ရာ မြန်မာ့ကျက်သရေ ပုဂံ စေတီပုထိုး ပုံ ဓာတ်ပုံဆရာမ အဆိုအရ ပုဂံဘုရား ဖူးမှော်ရန် အကောင်းဆုံး အချိန် ဟာ နံနက် ဝေလီဝေလင်း အချိန် နဲ့ မှောင်စ ပျိုး ချိန်လို့ ဆို ပါတယ် ။ ဓာတ်ပုံ ဝါသနာရှင် ရွာသူ ရွာသား များ လဲ ပြိုင်ပွဲ ဝင်နိုင်ရင်သိတ်ကောင်း မှာ ပဲ ။ ပြိုင်ပွဲဝင် […]