183518_10150122666892497_661602496_6275603_2970973_n-600x450.jpg

moonpoemMarch 23, 20111min13410
ပုဂံမှာ မိုးပျံပူဖောင်းစီးတဲ့ ခရီးစဉ်ရှိပါတယ်။ အားလုံးလည်းကြားဖူးကြမှာပါ။ အဲဒီမိုးပျံပူဖောင်းခရီးစဉ်က နှစ်စဉ် အောက်တိုဘာ ကနေ မတ်လထိပဲ ပျံသန်းပါတယ်။ ကျန်တဲ့လတွေ မှာ မြန်မာနိုင်ငံရဲ ့လေထု အခြေအနေရယ် မိုးရွာတာရယ်ကြောင့်ခရီးစဉ် မရှိတာကများပါတယ်။ မိုးပျံပူဖောင်းတစ်ခုမှာ လူ၄ယောက်ပဲဆံ့ပြီး စီးမယ်ဆိုရင် ၃ရက်ကြိုပြီးBookingတင်ရပါတယ်။တစ်ယောက်ကိုUSD 300ပေးရပါတယ်။ အဲဒါကြောင့်မြန်မာနိုင်ငံသားထက်နိုင်ငံခြားသားစီးတာပိုများပါတယ်။ တစ်ခါတစ်ရံမှာအဲဒီခရီးစဉ်ကပုဂံအပြင်ကျွန်မတို ့အမရပူရမြို ့ကိုပါ ရောက်လာလေ့ရှိပါတယ်။ အဲဒါကတော့ဦးပိန်တံတားကိုရောက်ရှိလာတဲ့ပူဖောင်းခရီးစဉ်ကပုံရိပ်တွေပဲဖြစ်ပါတယ်။ အခုမန္တလေးဂေဇက်ကသူငယ်ချင်းတွေစီးမယ်ဆိုရင်တော့ ကျွန်မက အမရပူရသူတစ်ယောက် ဖြစ်တဲ့အားလျော်စွာ အခမဲ့ အနေနဲ ့အဟမ်း အဟမ်းဒကာခံပြီးတော့……. တောင်သမန်အင်းထဲမှာပဲ  ငှက်လှေစီးခွင့်ကဒ်ပေးလိုက်ပါ့မယ်ရှင်။