တီ……………………… ကွိ..ကွိ………………… ဟဲလို..တက်စတင်… ဝမ်း..တူး..သရီး… ဟဲလို… ဟဲလို…. အဟမ်း..ဟမ်း.. ကျက်သရေမင်္ဂလာရှိလှပါသော ဒီမိုဂဇက်ရွာနေ ရွာသူရွာသားအပေါင်းတို့ခင်ဗျား…. (၆) လတစ်ခါ ကျင်းပနေကျဖြစ်သော မန်းဂဇက်…အဲ.အခုတော့ မြန်မာ့ဂဇက်ဖြစ်ပြီထင်တယ်..မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက် ရံပုံငွေများ အလှူခံပါတယ်ခင်ဗျား…သဒါတရား နည်းများမဆို ပါဝင်ကြပါဦးလို့ နှိုးဆော်ပါတယ်ခင်ဗျား… ဟုတ်ကဲ့ပါခင်ဗျား… ရံပုံငွေပါ… မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက်ပါ..အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက်… အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီနိုင်ကြပါတယ်လို့… မွေးဌာနီ ~~ အညာရပ်ဆီသို့ ~~ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ~ လွမ်းလျပါသည် ~ မှန်းဆကာအတည် ~~ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ ~ တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည် ~ အညာဌာနီ ~~ တစ်ခါလာမည် ~~ ကျွန်တော့်အတွက်တော့ ~ မေ့မရပါလေအတည် […]


၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့…   ဖုန်းစုတ်လေးနဲ့ ဖွဘုတ်သုံးနေတုန်း ဖတ်ရွေးဥက္ကဌ ဦးကြီးမိုက်ဆီက မက်ဆေ့ချ် ဝင်လာတယ်။ ဖွင့်မကြည့်ခင်ကတည်းက စိတ်ထဲက သိနေသလိုလိုပဲ။ ဖွင့်ဖတ်လိုက်တော့လည်း ထင်တဲ့အတိုင်းပါပဲ။ ဒီတစ်ပတ် ဖတ်ရွေးဆုပို့စ်ကို မွန်မွန် တင်ပေးမလားတဲ့။ ပြီးခဲ့တဲ့အပတ်က ဦးမျိုးသန့် ပို့စ်တင်ကတည်းက ငါ့အလှည့်လည်း ရောက်တော့မယ်လို့တော့ ထင်သား။ ဒါပေမယ့် အဲဒီလောက် မြန်လိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။ တင်ပေးမလားဆိုတော့ ဘယ်ငြင်းလို့ကောင်းမလဲ။ (ဟဲ.. အူးမိုက်က prome မှာ ခဏခဏမုန့်ဝယ်ကျွေးတယ်။) ဘယ်နေ့လဲဆိုတော့ (၉) ရက်နေ့အပြီးဆို ရပါတယ်တဲ့။ အချိန်လည်း ရတယ်ဆိုတော့ ဟုတ်ကဲ့..တင်ပေးပါမယ်ပေါ့။ စိတ်ထဲကတော့ prome မှာ တစ်ပွဲလို့ တေးထားတာ။ ဘယ်ရမလဲ။   တကယ်တော့ ဒီဖတ်ရွေးအဖွဲ့ကို လုံမက […]


ကထူးဆန္းSeptember 13, 20122min57359
ကထူးဆန်းတစ်ယောက် တစ်ယောက်တည်း ဗျစ်တောက်ဗျစ်တောက် ပေါက်ပေါက်ဖောက်နေပေသည် ။ လုပ်စရာတွေ ကအများကြီး ရှိနေသလောက် တိုင် က နာရီက တစ်တောက် တစ်တောက် နှင့် မှန်မှန် ချီတက် နေကာ ကထူးဆန်းကို မစောင့်။ မန်းဂဇက် ဆုပေးပွဲက မကြာမီ ရောက်ရှိတော့မည် ။ အလုပ်တွေက မပြီးသေး။ မန်းဂဇက် ဆုပေးပွဲ အတွက် ရွေးချယ်ထားသော နေရာတွင် လုပ်ဆောင်ခွင့်ရရန် မြို့တော်ဝန် ဦးကြောင်ကြီး ထံ မှ ပွဲမိန့် တောင်းခံထားတာလည်း မကျသေး ။ မြို့တော်ဝန် ဦးကြောင်ကြီးကား သံမဒဂျီး သံမဒဂျီး သံမတဂျီးကိုခြစ်တယ် Love ဆိုကာ ပြည်သူ့မဲ မဟုတ် ရွေးချယ်မဲ ဖြင့် တက်လာသောကြောင့် ဘာလုပ်လုပ် သဘောထားမှတ်ချက် တောင်းခံထားပါသည် […]


ကထူးဆန္းSeptember 10, 20121min39036
မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာလျှင် ဘယ်မင်းသမီး တော့ ဘယ်ကားမှ ရမည် ။ ဘယ်မင်းသားတော့ ဘယ်ကားမှာကောင်းသည် ။ ဘယ်ဒါရိုက်တာ ကတော့ ဘယ်လိုအစွမ်းပြထားသည်နှင့် တစ်ကြိုတွေ ထွက်လာသည် ။ နိုင်ငံခြားက အကယ်ဒမီပေးပွဲမှာ တော့ ဘယ်သူတွေ ဘယ်ကားတွေတော့ ပဏာမ ရွေးချယ်တဲ့ ထဲပါသည်ဖြင့် သတင်းထုတ်ပြန်၏ ။ ထိုထို သော အရာများကို အားကျစွာ ကထူးဆန်းတစ်ယောက် မန်းဂေဇက်ချစ်သူများစာပေဆု (ဩဂုတ်လ – ၂၀၁၂ )ကို ဖောက်သည် ချလိုက်ပေပြီ ။ တကယ်တော့ အန်တီပဒုမ္မာလိုလည်း ဇတ်က မကတတ် ။ ဦးဆာမိလိုလည်း ပြဇာတ် မရေးတတ် ။ ဦးဦးပါလေရာလိုလည်း ချက်ကျကျ မပြောတတ်သော ကထူးဆန်းကို ဘယ်နယ့် […]


padonmarAugust 14, 201214min40067
CJ ကြီး ကထူးဆန်းက ရံပုံငွေ အငြိမ့်ပွဲ မကြည့်လိုက်ရတဲ့သူတွေ အတွက် Link လေးပေးပါလို့ တောင်းဆိုထားလို့ မန်းဂေဇက် ချစ်သူများစာပေဆုပေးပွဲ (ဂျုလိုင်လ) https://myanmargazette.net/143974/creative-writing အချိန်-၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီ နေရာ-အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၊နေပူတော် Air A.K.S Pazin ပိုင် Pazin One (Air Force One နှင့် တည်ဆောက်မှုပိုင်းတွင် ချွတ်စွပ်တူ၍ အမည်သာကွဲသော) လေယာဉ်ကြီး ဟာ မူလသတ်မှတ်ထားတဲ့ အချိန်အတိုင်း ဆိုက်ရောက်လာပါတယ်။ လေယာဉ်မှူးကြီး Mr.Cobra ဟာ လေယာဉ်မှူးခန်းမှ ထွက်ပြီး သူ့ရဲ့ဘော့စ်ဖြစ်တဲ့ A.K.S Group of Companies ရဲ့ ဥက္ကဋ္ဌကြီးMr.  Alexander […]


padonmarAugust 13, 20121min99079
ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီး သည် လေပြေအဝေ့မှာ တလှုပ်လှုပ်လွန့်လူးလျက် ရွှေပွဲလာ ပရိသတ်ကြီးကို ဆွဲဆောင်နေပါသည်။ ကတ္တီပါကားလိပ်အထက်တွင်ကား မန်းဂေဇက် ချစ်သူများစာပေဆု ရံပုံငွေ အငြိမ့်သဘင် နှင့် ဆုပေးပွဲ အခမ်းအနား ဟူသော နဖူးစည်းကြီးက ခန့်ညားစွာ တည်နေပါသည်။ ဇာတ်ခုံရှေ့တွင် မြန်မာဆိုင်းဝိုင်းကြီး နှင့် စန္ဒယားတို့က တစ်ဖက်တစ်ချက်စီနေရာယူထားကြသည်။ ပွဲကြည့်ပရိသတ် များအတွက် ဆိုဖာထိုင်ခုံများမှာ ဇာတ်ခုံကို “ပ”ပုံ ဝိုင်း၍ ၃ တန်းခွဲ စီထားသည်။ အထူးအစီအစဉ်အဖြစ် အလယ်ခုံတန်းတွင် မိသားစုများ၊ဘယ်ဖက်ခုံတန်းတွင် ရွာသူအပျိုချောများ၊ညာဖက်ခုံတန်းတွင် ရွာသားလူပျိုမချောတချော၊မပြိုတပြိုများ ထိုင်ရန် စီစဉ်ထားသည်။ ရွာသားများမှာ အပျိုလေးတွေနားကပ်ထိုင်ခွင့်မရဟုသိရစဉ်က မကျေနပ်ကြသော်လည်း မေတ္တာလက်မှတ်များဖြစ်၍ ခန္တီစ သည်းခံနေကြရသည်။ သို့သော် ထိုင်ခုံများစီစဉ်ထားပုံမှာ ရွာ့အလှလေးများကို မစောင်းတစောင်းလေး မြင်နေရမှန်းသိသဖြင့် ကျေနပ်သွားကြသည်။ ပရိသတ်ကြီးမှာ တဖွဲဖွဲရောက်လာပြီး […]