DaveDecember 29, 20091min2196
ပြန့်နှံ့ရောက်ရှိမှု ဆဲလ်ဖုန်းပြောခြင်းသည် ယနေ့ခေတ်ပြိုင်လူ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းအတွင်း၌ သာမန်အပြုအမူ၊အလေ့အထတစ်ရပ်အဖြစ် စွဲမြဲအမြစ်တွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သည်။အဝေးပြောဆက်သွယ်ပြန်ကြားရေးနယ်ပယ်တွင် မိမိကိုယ်နှင့်မကွာ ထားရှိကာ တစ်ဦးနှင့်တစ်ဦး အလွယ်ကူ၊အထိရောက်ဆုံး ပြောဆိုဆက်သွယ်နိုင်စေေသော ကိရိယာဖြစ်သဖြင့် လူတို့အကြား ဆဲလ်ဖုန်းပြန့်နှံ့ရောက်ရှိမှု အခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်အနည်းငယ်အတွင်း သန်းနှင့်ချီ၍ တိုးတက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀ဝပြည့်နှစ်က ဆဲလ်ဖုန်းသုံးစွဲသူဦးရေ သန်းပေါင်း ၁၁ဝရှိရာမှ ၂၀၀ရခုနှစ်သို့ရောက်ရှိသောအခါ သန်းပေါင်း၂၇ဝကျော်သည်အထိ ရောက်ရှိခဲ့ သည်ဟု စီတီအိုင်အေကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့က အတည်ပြုထားသည်။