TTNUJanuary 3, 20121min36745
“အကျင့်ဆိုးလေးတွေ” လူတိုင်းကိုယ်စီ ကိုယ့်အကျင့်နဲ့ကိုယ်ရှိကြတယ်။ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့အကျင့်၊ သူလိုကိုယ်လိုပုံမှန်အကျင့်၊ အမျိုးမျိုးပါပဲ။ ကောင်းတဲ့အကျင့်လေးတွေက မိသားစု ဆွေမျိုး ဝန်းကျင် အလုပ်ခွင် ဆက်ဆံရေးတွေ အတွက် အားသာချက်ဖြစ်ပေမဲ့ အကျင့်ဆိုးလေးတွေကတော့ ဒုက္ခပေးတတ်တဲ့ အားနည်းချက်တွေ ဖြစ်နေတတ်တယ်ဆိုတာ မငြင်းသာပါဘူး။ ဒီအကျင့်ဆိုး စရိုက်ဆိုးလေးတွေ တန်းစီရေးရရင်တော့ မဆုုံးနှိုင်ပါဘူးလေ။ဒီတော့ အုပ်စု(၃)စု ခွဲကြည့်ရအောင်။ (၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့ (၂) သိလား၊ ငါဘာကြားခဲ့သလဲ သိလား (၃) နောက်ကျတာတောင်းပန်ပါတယ် (၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့ ဒီနေ့ ဖြေရှင်းရမဲ့ကိစ္စကိုမဖြေရှင်းဘဲ မနက်ဖြန်မှ (နောက်မှ) ကြည့်လုပ်ကြတာပေါ့ လို့ ရွှေ ့ဆိုင်းတတ်တဲ့ အကျင့်ဆိုးလေးပါ။ (Procrastination) လို့ခေါ်ပါတယ်။ ဒီအကျင့်လေး ကလည်း စွဲမိရင် မလွယ်ဘူး။ အမြဲ အချိန်ဆွဲလုပ်ချင်နေရောပါလား။ လုပ်ငန်းတစ်ခုပြီးအောင်လုပ်ရမှာကို နေ့ရွှေ […]