padonmarJune 6, 20161min2295
ယ်ငယ်တုံးက သီချင်းလေး တပုဒ်ကြားဖူးပါတယ်။ ဇော်မင်းလေးနဲ့ နွဲ့ယဉ်ဝင်း ထင်ပါရဲ့။ }ဟေ့ကောင်မလေး…. ကမာ္ဘပေါ်မှာ မြန်မာပြည်ဟာ….. အယဉ်ကျေးဆုံး တိုင်းပြည်တခုပါ} တဲ့။ အခုတော့ …ဟုတ်ပါ့မလားလို့ အခါခါ စဉ်းစားမိပါတယ်။ ကျမ အပါအဝင် မြန်မာပြည်က လူတွေ ဖုန်းပြောရင် ပြောစရာရှိတာပြောပြီး အေးဒါဘဲနော် လို့ ဖုန်းချလိုက်တာပါပဲ။ ဈေးသွားဝယ်ရင် ဈေးသည်က သူရောင်းတဲ့ ပစ္စည်းပေး ဝယ်သူက ပိုက်ဆံပေး၊ပြီးရင်တော့ ချာကနဲ လှည့်ထွက်လိုက်ကြပါတယ်။ ကိုယ့်ကို တစုံတယောက်က ကူညီတယ်ဆိုရင်လည်း အကူအညီလက်ခံပြီး ပြီးသွားတာပါပဲ။ လမ်းပေါ်မှာ မျဉ်းကျားမှာဖြစ်စေ လမ်းကူးဖို့ စောင့်နေလို့ ကားရပ်ပေးရင် နိုင်ငံခြားသားတွေက လက်ကလေးထောင်နှုတ်ဆက်တာနဲ့၊ ပြုံးပြသွားတာနဲ့ တုန့်ပြန်မှု ပေးသွားတတ်ကြပါတယ်။ ရွှေတွေကတော့ ခပ်တည်တည်ပဲ၊ လှုပ်လီလှုပ်လဲ့ သူ့လုပ်စာစားနေရသလိုအိပဲ့ပဲ့လျှောက်ပြီး အရေးမစိုက် ဖြတ်နေတဲ့ သူတွေ […]