unclegyi1974October 9, 20101min1475
ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းစနေစအရွယ် ဆရာတွေစာသင်ကြားမှု ကိုမှတ် မိသမျှပေါ့လေ စာမရရင်အရိုက်ခံရမယ် ထိုင်ထ လုပ်ရမယ် ဒူးထောက်ထိုင်ရမယ် ခုံပေါ်ထမတ်တပ်ရပ်ရမယ် အတန်းအပြင်ထွက်စာအုပ်ကိုင်စာကျက်ရမယ် ဆရာတွေကဒီလိုလုပ်ခိုင်းလို့လဲဘယ်မိဘကမှဆရာတွေကိုစောဒကတက်တယ်လို့မကြားဖူးဘူး ရိုက်တာကိုတောင်ကျေးဇူးတင်နေကြတာပါ၊ ဒီလိုနဲ့တတန်းပြီးတတန်းပြီးလာခဲ့တာပါဘဲ တနေ့ကမိတ်ဆွေတယောက်နဲ့တွေ့မိပါတယ် အဲဒီတော့မှကိုယ်ဘယ်လောက်လောက ကြီးနဲ့အဆက်ပြတ်နေတယ်ဆိုတာသိလိုက်ပါတယ်။ သူကပြောတယ်အခုပြင်ပကျောင်းတွေမှာဆရာလုပ်ရတာမလွယ်ကြောင်း သူတို့ကျောင်းမှာကျောင်းသားကလေးတယောက်စာသင်ချိန်အိပ်နေလို့ ဆရာမ က ကျောကိုပေတံနဲ့ နဲနဲရိုက်ပြီး နှိုးတာပေါ့ အဲဒါ ကျောင်းသားကလေးရဲ့အိမ်ကလိုက်လာ ပြီးဆရာမကိုပြသနာလာရှာပါလေရော ဆရာမကိုကျောင်းထုတ်ပေးရမယ်လို့ ကျောင်းအုပ်ကိုပြောပါလေရော ကျောင်းအုပ်ကလဲတောင်းပန်တာပေါ့ ဆရာမကိုလဲ တောင်းပန်ခိုင်းပါမယ်ပေါ့ ဒါပေမဲ့ကျောင်းသား ကလေးရဲ့အိမ်ကလုံးဝ လက်မခံပါဘူး ဆရာမကိုကျောင်းမထုတ်ရင်သူတို့ကလေးကိုကျောင်းထုတ်မယ်ဆိုပြီး နောက်ဆုံး ကျောင်းထုတ်သွားပါလေရော ကျွန်တော်ကဟ အဲလောက်တောင်ဘဲလားဆိုတော့  ဒါဘာဟုတ်သေးလဲတဲ့ အခုနိုင်ငံခြားမှာကိုယ်ပိုင်ကျောင်းတွေဘယ်လိုသင်နေတယ်ဆိုတာ သိသလားလို့မေး ပါလေရော မသိဘူးဆိုတော့ပြောပြမယ်ဆိုပြီးသူပြောတာကဒီလို ဆရာစာသင်နေချိန်ကျောင်းခန်းထဲမှာကျောင်းသားကလေးတယောက်အိပ်နေတယ် ဆိုပါတော့ ဆရာကလဲတွေ့လိုက်ပြီ ဘာလုပ်မလဲ ခုနကလိုကျောကိုပေတံနဲ့သွားပုတ်လို့ တော့အဲဒီဆရာတော့အလုပ်ပြုတ်ပြီဘဲ ဆရာ ကပြန်စဉ်းစာရတယ် ငါစာသင်တာဘာလိုနေလို့ကျောင်းသားကအိပ်နေတာလဲ စာနားမလည်လို့လား […]