မမေလးSeptember 16, 20102min1183
၁၉၈၁ အောက်တိုဘာလ ဆရာဝန်တင်ရွှေ  ( ဆမ ၁၆၃ဝ ) ရဲ့ ဝသောသူများ ကိုယ်ရေစစ်၍ ပိန်သောသူများ ဝဖြိုးလိုလျှင် ဆိုသော စာအုပ်မှ အဓိက အချက်လေးတွေချည်းပဲ ဖော်ပြပေးလိုက်ပါတယ် ။ ရာသီဥတုပေါ်လိုက်ပြီး အလေးချိန်က ပြောင်းလဲတတ်သေးသည် ။ မိုးရွာထားချိန်နှင့် စိုစွတ်သော ရာသီဥတုများတွင် ခန္ဓာကိုယ်က ရေကိုစုပ်ယူ ထားသဖြင့် သာမန်အချိန်ထက် အလေးချိန် တစ်ပေါင် ၊ တစ်ပေါင်ခွဲ ပိုနေတတ်၏ ။ နေပူထဲထွက်ပြီး ဂေါက်သီး ရိုက်ခဲ့သော် တစ်နေ့တည်း သုံးပေါင် ကျသွားတတ်သည် ။ အားကစား လေ့ကျင့်သော်လည်းကောင်း ။ အလုပ်ကြမ်း လုပ်သော်လည်းကောင်း ၊ ကြွက်သားများ အားရှိလာပြီး ကြွက်သားများ တိုးတက်လာသော အလေးချိန်ကြောင့် ခန္ဓာကိုယ် အလေးချိန် […]