bldingnightview.jpg

zoxnetApril 24, 20101min871
ဒူဘိုင်းမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် Hotel life အပါအဝင် အလုပ်တိုင်းလိုလိုဟာ မန်နေဂျာရဲ့ လက်အောက်မှာပဲ လုပ်ကြရပါတယ်။ (အကုန်လုံးသိပြီးသားဟာကို)။ အဲလိုလုပ်ကြရတဲ့အခါမှာ ကိုယ့်အလုပ်ရဲ့မန်နေဂျာနဲ့ အဆင်ပြေသူတွေဟာ အခွင့်အရေးတွေလည်း ပိုရတတ်ကြပါတယ်။ အလုပ်မှာလည်း လွယ်ကူမှုရရှိကြပါတယ်။ များသောအားဖြင့် ကုမ္ပဏီတော်တော်များများမှာလည်း ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုတွေကို ပိုင်ရှင်ထက် မန်နေဂျာကပဲ ပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဟိုတယ်မှာလည်း ကိစ္စတော်တော်များများကို ကျွန်တော်တို့ဟိုတယ်သူဌေးထက် ဟိုတယ်မန်နေဂျာကပဲ တာဝန်ယူဆုံးဖြတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ မန်နေဂျာနဲ့ စတင်တွေ့ဆုံပုံကို ကျွန်တော်တစ်ခေါက်ရေးပြဖူးပါတယ်။ အခုကျွန်တော်ပြောချင်တာက ကျွန်တော့် မန်နေဂျာကို ကျွန်တော်ဘယ်လို (ချုပ်) ခဲ့သလဲဆိုတာကိုပါ။ နိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်မယ့်သူများရှိရင် ကျွန်တော်နည်းလမ်းလေးက အထောက်အကူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဟဲ။ ကျွန်တော် မန်နေဂျာနဲ့ စတင်သိကျွမ်းပြီးတဲ့ အချိန်ကစပြီး သူနဲ့ရင်းနှီးဖို့ ကျွန်တော်ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟိုတယ်မှာက မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်တည်း […]