ဂ်စ္စူNovember 10, 20101min670
အခု စာမျက်နှာများဟာ Weekly Eleven ရဲ့ Web Page မှာ တင်ထားခဲ့တဲ့ မဲရုံအလိုက် အနိုင်အရှုံးစာရင်းအချို့ပါ။ ဒီစာရင်းတွေ အပါအဝင် ရွေးကောက်ပွဲ စာမျက်နှာ တစ်ခုလုံးကို အဲဒီဝက်ဘ်ဆိုဒ်ကနေ လာဖြုတ်သွားပါတယ်။ ငွေကုန်လူပန်းခံပြီး လုပ်ထားရတဲ့ စာရင်းဖြစ်ပေမယ့် ဖြုတ်ခိုင်းတဲ့အခါ အလွယ်ပဲ ဖြုတ်ပေးလိုက်ရပါတယ်။ နောက်ပိုင်း ကြိုတင်မဲများဝင်လာတဲ့အခါမှာ ဘယ်လောက်ကွာသွားတယ်၊ ဘယ်လိုညစ်ထားတယ်ဆိုတာ ဒီစာရင်းတွေအရ ပေါ်လွင်နေတဲ့အတွက် လာဖြုတ်သွားတာ သေချာပါတယ်။ အခုစာရင်းများအရ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အင်အားစုများဟာ နောက်ပိုင်း ကြိုတင်မဲများ အစစ်အဆေးမရှိ အကန့်အသတ်မရှိ စည်းမရှိကမ်းမရှိ ထည့်ပြီး အနိုင်ကျင့်တာကို ခံခဲ့ကြရပါတယ်။ နောက်ပိုင်း မဲအနိုင်အရှုံးများ ထွက်လာတဲ့အခါ မဲရုံမှာ ရေတွက်ထားတာနဲ့ ဘယ်လောက်ကွာတယ်ဆိုတာ ယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။Early Results မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု ဝဘ်စာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြပေးပါတယ်။ […]


ဂ်စ္စူNovember 4, 20101min1223
အန္ဒိယ နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက နအဖ၏ ၂၀၁ဝ ရွေးကောက်ပွဲနှင့် နိုင်ငံတော်အလံသစ်အား အောက်ပါအတိုင်း သောင်းသောင်းဖြဖြ ကြိုဆို မေတ္တာပို ့ ခဲ့ကြပါသည်။အခုလို မေတ္တာပို ့သတဲ့..အခုလိုကြိုဆိုကြပါတယ်။Photo news။ ။ Ap / ဒီမိုဝေယံ အိန္ဒိယနိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများကနယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးတွင်နအဖ၏ အတုအယောင်၂၀၁ဝရွေးကောက်ပွဲအားအလိုမရှိ။ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်ကြွေးကျော်သံများဖြင့် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်….. ထိုဆန္ဒပြပွဲတွင် တိဘက်ဘုန်းကြီးများလည်းပါဝင်ပြီး လူပေါင်း (၇၀၀) ကျော် တက်ရောက်ပါဝင်ခဲ့ကြောင်း လာမည့်နိုဝင်ဘာလ (၇)ရက်နေ့တွင်လည်း ထပ်မံပြုလုပ်သွားမည်ဟုုသတင်းရရှိပါသည်။ အပြည့်အစုံသို ့..


ဂ်စ္စူNovember 3, 20101min510
နိုဝင်ဘာ ရ ရက်သို့ မကြာမီ ရောက်တော့မည်။ ရွေးကောက်ပွဲ ဝင်ပါတီများ၏ မဲဆွယ်စည်းရုံးရေး က မကြာမီကုန်ဆုံးတော့မည်။ ပါတီများ၏ အသက်က များသော အားဖြင့် လသားအရွယ်၊ သွေးနု သားနု၊ စည်းရုံးရေးကာလက သိပ် တော့မရှိလှ။ စည်းရုံးရေးသည် ရွေး ကောက်ပွဲအောင်နိုင်ရေးနှင့် ဆက် စပ်မှုရှိသည်။ ထို့ကြောင့် မဲဆွယ် စည်းရုံးရေးကျေနပ်အားရမှုရှိ မရှိ ကျွန်တော်တို့ မေးမြန်းခဲ့မှုအပေါ် ပြန်လည်တင်ပြလိုက်ပါသည်။ ဦးမောင်အေးဒီမိုကရက်တစ်ပါတီ (မြန်မာ) ရန်ကုန်တိုင်းစည်းရုံးရေးမှူး စည်းရုံးရေးအတွက် အားရမှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က ပြည်သူလူထုမှာ အ ကြောက်တရားတွေရှိနေတယ်။ နိုင်ငံ ရေးနဲ့ပတ်သက်တဲ့ စာရွက် စာတမ်း တွေ့ရင် ကြောက်နေကြတာ။ အခုတော့ ပါတီတွေကနေ ကား တွေနဲ့ နေရာတကာတွေ့နေတာ တော့ […]


ဂ်စ္စူOctober 22, 20101min1113
မြန်မာနိုင်ငံ၏ အနှစ် ၂ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည် ဖြစ်သော ၂၀၁ဝ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများကို ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် အစီအစဉ် မရှိကြောင်း၊ နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု ဆိုသည့်ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း ကြားသိရသည်။ သံတမန်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် […]


smytu1996September 28, 20101min791
ထို့ကြောင့် အခြေခံဥပဒေကို လွှတ်တော်နှစ်ရပ်တွင် စစ်တပ်က ခန့်အပ်သည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ဖော်ဆောင်ရေး ဆိုသည့် အယူအဆအပေါ် အခြေခံ ရေးဆွဲခဲ့ပါသည်။ နိုင်ငံရေးပါတီ တခုက မဲအများစုဖြင့် အနိုင်ရရှိခဲ့သော ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမျိုး ထပ်မံ မပေါ်ပေါက်စေရန် လုပ်ဆောင်သည့် အစီအမံတခု ဖြစ်ပါသည်။ ကိုယ်စားလှယ်ပေါင်း ၄၄ဝ ရှိမည့် ပြည်သူ့လွှတ်တော်တွင် စစ်တပ်က နေရာပေါင်း ၁၁ဝ ယူထားသည်၊ ကိုယ်စားလှယ် ၂၂၄ နေရာရှိသော အမျိုးသားလွှတ်တော်တွင် ၅၆ နေရာ ရယူထားပါသည်။ ထို့အပြင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဥပဒေပြုလွှတ်တော်များနှင့် အဖွဲ့များတွင်လည်း အလားတူ ဝေစုကို ရယူထားပါသည်။ အခြေခံဥပဒေ ပုဒ်မ […]