BayoteMarch 31, 20101min1032
ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ မတ်လ၂ရရက်တွင် စတင်ဝန်ဆောင်မှုပေးနေသည့် Fiber To The Home အင်တာနက်ချိတ်ဆက်မှုလိုင်းအား ကနဦးတပ်ဆင်ခ ကျပ်ကိုးသိန်းဖြင့် စတင်ရောင်း ချနေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖိုင်ဘာဆက်ကြောင်းပေါ်မှ အင်တာနက် ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် စနစ်ဖြစ်သော Fiber To The Home စနစ်ကို ကနဦး တပ်ဆင်ခ ကျပ်ကိုးသိန်းဖြင့်ဝယ်ယူပြီးပါက လစဉ်ကြေးအနေဖြင့် 512KBကိုကျပ်သုံးသောင်း၊ 1 MBကိုကျပ်ငါးသောင်း၊ 2MBကို ကျပ်တစ်သိန်း ပေးဆောင်ရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပတယ်လီ ဖုန်းဆက်သွယ်မှုများ ပြုလုပ်နိုင်သည့် VoIP ဖုန်းစနစ်တွင် ပြည်တွင်းခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၂၅ကျပ်နှုန်း၊ ပြည်ပခေါ်ဆိုခမှာမူ ရိုးရိုးတယ်လီဖုန်းကြိုးလိုင်းများနှင့် တူညီကြောင်းသိရသည်။ ယင်းစနစ်ဖြင့် VoIP ဖုန်းခေါ်ဆိုရာတွင် ကုဒ်နံပါတ်မှာ (၀၁၁xxx)ဖြင့်စရမည်ဟု သိရသည်။ ဖိုက်ဘာဆက်ကြောင်း ဝန်ဆောင်မှုစနစ်သည် […]