Foolish GirlAugust 11, 20151min1778
ဒီကားလေးက 2015 ခုနှစ်မှာထွက်ရှိတဲ့ကားသစ်လေးတစ်ကားပါ ဒါရိုက်တာ Neill Blomkamp  ကရိုက်ကူးထားပါတယ် Sharlto Copley ကစက်ရုပ် CHAPPiE ရဲ့အသံကိုသရုပ်ဖော်ပေးထားပါတယ် Dev Patel ကတော့ Slumdog Millionaire ကားထဲကအိန္ဒိယမင်းသားပါ သူကတော့ Deon Wilson အနေနဲ့ သရုပ်ဆောင်ပေးထားပါတယ် အမေရိကန်လက်နက်ကိုင်မာဖီးယားတွေအရမ်းသောင်းကျန်းတဲ့အတွက်အစိုးရကနေ စက်ရုပ်ရဲတွေကိုတီထွင်ပြီးနှိမ်နှင်းခဲ့တယ်။ Deon Wilson က စက်ရုပ်တွေထွင်တဲ့ Engineer တစ်ယောက်ဖြစ်ပါတယ်။အတိုချုံးပြောရရင် တစ်ခြားစက်ရုပ်တွေက ဘာလုပ်ပါဘာလုပ်ပါဆိုတဲ့ Command ပေးရတယ် CHAPPiE ကတော့အဲလိုမဟုတ်ဘဲ လူသားတစ်ယောက်မွေးဖွားလာပြီးအရာရာကိုသူကိုယ်တိုင်သင်ယူရသလိုအဲဒီစက်ရုပ်ကသူကိုယ်တိုင်အရာရာကိုလေ့လာရတယ် ဒါပေမယ့် သူကလေ့လာစွမ်းအားမှတ်ဉာဏ်တွေအရမ်းကောင်းတယ် စက်ရုပ်လေးကကလေးလေးလိုဖြစ်ပြီးသူ့လှုပ်ရှားမှုတွေသူ့ခံစားချက်တွေကိုကြည့်ရတာအရမ်းကောင်းလို့ဝေငှလိုက်တာပါ အသေးစိတ်plot လေးကတော့အောက်မှာပြောထားတဲ့ wiki link မှာ ဖတ်ကြည့်လို့ရပါတယ် https://en.wikipedia.org/wiki/Chappie_%28film%29 https://en.wikipedia.org/wiki/Chappie_%28film%29