etoneJuly 6, 20101min520
မိတ်ဆက် ဒီပို့စ်လေးကို ရေးချင်နေတာ ကြာပါပြီ။ ရေးပြန်ရင်လည်း အလွန်ကျယ်ပျံ့သည့်ခေါင်းစဉ်ဖြစ်နေသည် သို့သော် ခြုံမိ ငုံမိအောင်တော့ ရေးရပေအံ့။ သီတဂူစတားကို ကောင်လေးတွေ ကောင်မလေးတွေက မေးတဲ့ မေးခွန်းတွေကို အခြေခံပြီး ဤပို့စ် ရေးဖို့ စိတ်ကူးရှိခဲ့တာကြာပါပြီ။ သီတဂူစတား ဘလော့ဂ် မတည်ထောင်ခင်ကထဲက အစပျိုးခဲ့တာဖြစ်ပါတယ်။ သူတို့လေးတွေက ဘုန်းဘုန်းတွေ အင်တာနက် သုံးကောင်းလားဘုရား? ရဟန်းတော်တွေနှင့် အင်တာနက် အပ်စပ်ပါသလားဘုရား? သူတို့လေးတွေက သီတဂူစတားဆိုတာကို ဘုန်းကြီးတစ်ပါးမှန်းလဲ မသိကြပါဘူး၊ သီတဂူစတားက ဘုန်းကြီးမှန်းသိရအောင်လို့ကို အကောင့်မှာ ဝက်ဘဆိုက်လိပ်စာပါ တင်ထားရတယ်။ ဂျီတော့ G-talk အသုံးပြုခါစဆိုတော့ ချက်ချင်း သို့မဟုတ် ကြူ ချင်တော့ မိတ်ဆွေ ရှာနေချိန်မှာ forward ကနေ အင်ဗိုက် (invite) လုပ်ပြီး သီတဂူစတားထံ ရောက်လာကြခြင်းဖြစ်ပါတယ်။ […]