weiweiOctober 29, 20106min17711
ဒီနေ့ပြချင်တဲ့နေရာကတော့ အရင်နေ့ကပြခဲ့တဲ့ လီမြစ်တလျှောက် သင်္ဘောစီးခဲ့တဲ့ ကွေ့လင်ခရီးစဉ်ရဲ့ နောက်ဆက်တွဲပါ။ သင်္ဘောပေါ်ကနေဆင်းတော့ မြို့တစ်မြို့ကိုရောက်ပါတယ်။ အဲဒီမြို့ကလဲ တောင်တွေအများကြီးနဲ့ အရမ်းလှပပါတယ်။ ကားနဲ့ အခုဓါတ်ပုံထဲက ရှန်ဂလီလာလို့ခေါ်တယ့် ဥယျာဉ်ကိုသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ တောင်လေးတွေကို အဆက်မပြတ်မြင်တွေ့ခဲ့ရတယ်။ အဲဒီဥယျာဉ်ရဲ့ထူးခြားချက်ကတော့ ရေကန်နဲ့ တောင်တစ်ခုရယ် တိုင်းရင်းသားရိုးရာစတိုင်ပြခန်းနဲ့ လက်မှုပညာတွေပါ။ ရေကန်ထဲကို လှေကလေးစီးပြီးလျှောက်သွားရပါတယ်။ တောင်ကြီးတစ်တောင်ရဲ့အောက်ထဲကို လှေကလေးကဝင်သွားရတဲ့ ခံစားချက်က အဆန်းဖြစ်နေပါတယ်။ ရုပ်ရှင်ထဲကို လူကိုယ်တိုင်ရောက်သွားသလိုပေါ့။ သဘာဝကျောက်တောင်နဲ့ကျောက်ခက်ပန်းဆွဲတွေက အရမ်းလှပါတယ်။ မှောင်နေလို့ ဓါတ်ပုံထဲသေချာမမြင်ရတာနဲ့ မပြတော့ပါဘူး။ အဲဒီအချိန်က ညနေဘက်ဖြစ်နေလို့ အလင်းရောင်အားနည်းနေပါတယ်။ နောက်ဆုံးပုံကတော့ ဘယ်နေ့ဖြစ်ဖြစ် လဆန်းရက်လကဲ့သလို့ဖြစ်နေတယ့် လမျက်ခုံးပုံပေါ်နေတယ့်တောင်ပါ။ သဘာဝအလှတစ်ခုပါပဲ။ အဲဒီနေ့တစ်နေ့လုံးဓါတ်ပုံတွေက ကျွန်မသူငယ်ချင်းရိုက်ထားတာပါ။ အဲဒီနေ့တုန်းက နဲနဲထူးခြားတာကတော့ ရာသီဥတု ၃ မျိုးကို တစ်ရက်ထဲ ခံစားလိုက်ရပါတယ်။ မိုးလင်းပိုင်းမှာ မိုးနဲနဲရွာပြီး […]


weiweiOctober 26, 20103min1364
Guangxi ပြည်နယ်က Guilin ရှုခင်းတွေပါ။ ကွေ့လင်ကတော့ တရုတ်ပြည်ထဲမှာ ခရီးသွားအများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ရာသီဥတုကောင်းမွန်ပါတယ်။ တစ်နှစ်ပတ်လုံး ခရီးသွားမပြတ်ရှိနေတယ့် မြို့တစ်ခုဖြစ်ပါတယ်။ လီမြစ်ထဲမှာ သင်္ဘောစီးပြီး လျှောက်ကြည့်ရတယ်။ ၄ နာရီကြာလောက်စီးရပါတယ်။ တောင်တွေပုံစံစုံ အရွယ်စုံနဲ့ မြစ်ဘေးတစ်ဖက်တစ်ချက်စီမှာ စီတန်းနေတယ်။ တရုတ်ငွေ ၂ဝ တန်ရဲ့နောက်ကျောမှာ အဲဒီရှုခင်းကို အသုံးပြုထားပါတယ်။ တောင်တွေရဲ့ ပုံစံတွေကို တိရိစ္ဆာန်တွေနဲ့တူတယ်ဆိုပြီး တစ်ခုချင်းပြပေမယ့် အဲဒီဓါတ်ပုံတွေက သိပ်မသဲကွဲလို့ မပြေတော့ဘူး။ အဲဒီနေ့က မိုးရွာနေပါတယ်။ တရုတ်ပြည်ရဲ့အအေးဆုံးဖြစ်တယ့် ဇန်နဝါရီလမှာ သွားခဲ့တာဖြစ်ပေမယ့် အဲဒီမှာတော့ သိပ်မအေးပါဘူး။ ကျွန်မရဲ့ကင်မရာက အဲဒီမနက်မှာမှ ပျက်ပြီး အလုပ်မလုပ်လို့ သူငယ်ချင်းရဲ့ကင်မရာနဲ့ သူကိုယ်တိုင်ရိုက်ထားတယ့်ပုံတွေပါ။ ကျွန်မက ကင်မရာရှေ့မှာရှိနိုင်ပေမယ့် ကျွန်မသာ ဝင်ပါလိုက်ရင် ပတ်ဝန်းကျင်ကရှုခင်းတွေ မှေးမှိန်သွားမှာစိုးလို့ မပါတာကို ခွင့်လွှတ်ပါနော် …