နွယ်ပင်November 25, 20101min501
NLD ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူငယ်အဖွဲ့ဝင်တွေ ဖွင့်လှစ်ထားတဲ့ တောင်ဒဂုံမြို့နယ် အတွင်းက HIV/AIDS စောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်နေကြတဲ့ လူနာတွေဟာ မနက်ဖြန် သူတို့နေထိုင်ခွင့် ဧည့်စာရင်း သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ ဒီနေရာမှာပဲ သူတို့ ဆက်ပြီး နေထိုင်သွားကြဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလူနာတွေကို ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ ဂေဟာဟာ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ စစ်အစိုးရ သတင်းစာတွေမှာ ရေးသား ဖော်ပြနေတာဟာလည်း မှန်ကန်မှု မရှိတဲ့အကြောင်း ဒီလူနာတွေကို ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်အဖွဲ့ဝင်တွေ ဦးဆောင်ဖွင့်လှစ်ထားတဲ့ […]